ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali နှင့် အဖွဲ့ကရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

11 pic_01
သြဂုတ် ၁၀ ၊ နေပြည်တော်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) မှ တာဝန်ရှိသူများနှင့်လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူIUEHRD အားဖွဲ့စည်းထားရှိပြီးလုပ်ငန်းအဖွဲ့ (၁၀) ဖွဲ့ဖြင့် စီမံကိန်းများဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်များအတိုင်းစီစဉ်ဆောင်ရွက်ထားပြီး ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်နေမှုများ၊ ပြန်လည်လက်ခံရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးအားတည်ဆဲပဒေများနှင့်အညီဆောင်ရွက်နေသည့်ကိစ္စများ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့၏ အကူအညီဖြင့် ပြန်လည်နေရာချထားရေးအတွက် အိမ်ရာများတည်ဆောက်နေမှု၊နိုင်ငံတော်အစိုးရ၊ UNHCRနှင့် UNDP တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး၍ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် နည်းပညာလုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ရခိုင်ပြည်နယ်သို့ ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများနှင့် ရခိုင်ပြည်နယ်တစ်ခုလုံးရေရှည်ဖွံ့ဖြိုးရေးနှင့် ပဋိပက္ခကင်းဝေးရေးအတွက် UEHRDစီမံကိန်းကို Private Public Partnership ချဉ်းကပ်မှုပုံစံဖြင့် ဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြုံပြုချက်များအနက် အချက် (၈၀) ကျော် အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကိုဆွေးနွေးတင်ပြပြီးနေရပ်စွန့်ခွာသူများပြဿနာကိုနှစ်နိုင်ငံမိတ်ဆွေကောင်းစိတ်ဓါတ်ဖြင့် ပူးတွဲဖြေရှင်းနိုင်ရေးအလေးထားဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်I နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီးးချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံကူးလက်မှတ်ဌာန၊ ဘင်္ဂလားဒေ့ရှ် သဘာဝဘေးစီမံခန့်ခွဲမှုဝန်ကြီးဌာန၊ ဒုက္ခသည်များအကူအညီပေးရေးနှင့် ပြန်လည်လက်ခံရေးမဟာမင်းကြီးရံုံးတို့မှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံဘက်မှUEHRDဒုတိယဥက္ကဌဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ UEHRD ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက် ၊ UEHRD ၏သတင်းနှင့် ဆက်သွယ်ရေးညွှန်ကြားရေးမှူးဖြစ်သူဦးကျော်မြိုင်၊ UEHRD ဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူဦးတိုးအောင်နှင့် ဌာနဆိုင်ရာအရာရှိကြီးများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events