Author Archives: Department of Disaster Management

  • ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားအား ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ (၁၃-၁၀-၂၀၁၈)ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးသန်းစိုး(ညွှန်ကြားရေးမှူး)မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြားခဲ့ကြောင်း၊ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူများအား ၂၀၁၈ခုနှစ် အပြည်ပြည် ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗွီဒီယိုပြသခြင်းနှင့် ဓာတ်ပုံမှတ်တမ်းများကို လှည့်လည်ကြည့်ရှုခြင်းများအား အခမ်းအနားအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး (၁၀၃၀)နာရီအချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း၊ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ … Read more

  • ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားအား (၁၃-၁၀-၂၀၁၈) ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးမှအဖွင့်အမှာစကားပြောကြာခဲ့ပြီး၊ ကရင်ပြည်နယ်ဦးစီးမှူးမှ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာအားဖတ်ကြားခဲ့ကြောင်း၊ ထို့နောက် မှတ်တမ်းဗွီဒီယိုပြသခြင်း၊ မှတ်တမ်းဓာတ်ပုံများလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း၊ အဆိုပါအခမ်းအနားသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူအင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

  • ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပမှုသတင်း.

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၃-၁၀-၂၀၁၈)ရက်နေ့ နံနက် (၀၉၀၀)နာရီတွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနား (Internatiomal Day For Disaster Reduction-2018) “Reducing Economic Losses From Disasters Has The Power To Transform Lives” “ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့၊ ဘေးဒဏ်ကြောင့် စီးပွားဆုံးရှုံးမှုလျော့ချစို့” ဆောင်ပုဒ်နှင့် အညီ စစ်တွေမြို့နယ်၊ ဦးဥတ္တမခန်းမ၌ ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် … Read more

  • ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပမှုသတင်း.

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား  (၁၃-၁၀-၂၀၁၈) ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂအဖွဲ့များကိုယ်စား UNDP အဖွဲ့အစည်းမှ ကချင်ပြည်နယ်တာဝန်ခံ ဦးထွန်းထွန်းက ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း၊ ၎င်းနောက် အပြည်ပြည်ဆိုင်ရာသဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်ဗီဒီယို ပြသခြင်း၊ ဓာတ်ပုံပြခန်းများ လှည့်လည်ကြည့်ရှုခြင်း၊ ပဟေဠိဉာဏ်စမ်းပြိုင်ပွဲများ ဖြေဆိုခြင်း၊ အမှတ်တရပစ္စည်းများ ဝေငှခြင်း … Read more

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရေလယ်သောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသောအိမ်ခြေ(၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၅၀,၀၀၀) လေဘေးသင့်လူဦးရေ(၁၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေကျပ် (၃၁,၅၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၃-အိမ်ထောင်စာ) တန်ဖိုးငွေကျပ် (၅၄,၄၅၀) စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး (၂၃၅,၉၅၀) အား (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် စစ်ကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more

  • မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၀-၂၀၁၈)ရက်နေ့ ညနေ (၁၈၀၀)အချိန်တွင် ကျောက်တော်မြို့နယ်၊ ခွဆုံပြင်ကျေးရွာအုပ်စု၊ သံပြင်ကျေးရွာမှ အသက်(50)နှစ်၊ရခိုင်/ဗုဒ္ဓ လယ်လုပ်သူသည် လယ်ကွင်းထဲတွင် မြက်ရိတ်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံးသွားခဲ့ရာ ထိုသေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀)အား (၁၂-၁၀-၂၀၁၈)ရက်နေ့တွင် သေဆုံးသူ၏ မိသားစုဝင်ထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန် ရှိသူများသည် (၁၈-၉-၂၀၁၈)ရက်နေ့ ညနေ (၁၇၀၀)အချိန်တွင် မြောက်ဦးမြို့နယ်၊ ကုန်ဘောင်ရှမ်းတောင်ကျေးရွာအုပ်စု၊ ကုန်ဘောင်ကျေးရွာတွင် အသက် (၁၅)နှစ်အရွယ်လူငယ် (၁)ဦးသည် နွားစာမြက်ရိတ် နေစဉ်မိုးကြိုးထိမှန်သေဆုံးသွားခဲ့သဖြင့် ၎င်းအတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀)အား (၁၂-၁၀-၂၀၁၈)ရက်နေ့တွင် သေဆုံးသူ၏မိသားစုထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဒိန်းမတ်သံအမတ်ကြီးတို့ သီးခြားစီလာရောက်တွေ့ဆုံ

    အောက်တိုဘာ၊ ၁၂ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine SchranerBurgener နှင့်အဖွဲ့ကယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာနမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးကရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့တစ်ရပ်လုံးကအားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ လူမှုစီပွားဘဝတိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးစသည့် ရည်မှန်းချက်ပန်းတိုင်(၃)ရပ်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ၏ဆောင်ရွက်နေမှုများ၊ IDPစခန်းများပိတ်သိမ်းမှုများနှင့် ဆက်လက်ပိတ်သိမ်းရန် ဆောင်ရွက်နေမှုအခြေအနေများ၊ စခန်းပိတ်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေးမဟာဗျူဟာရေးဆွဲနေမှုအခြေအနေ၊ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင်သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့နေရပ်စွန့်ခွာထွက်ပြေးနေသူများအား … Read more

  • ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု အထက်ကဇင်း တောကျေးရွာ၌ (၂၅-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စုမှ လူဦးရေ (၃၇) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၇,၇၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၇၇,၇၀၀/-) ကျပ်အားလည်းကောင်း၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာ၌ (၃-၁၀-၂၀၁၈) … Read more

Sign Up

Upcoming Events