Author Archives: RRD
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ စျေးပိုင်း (၁) ရပ်ကွက်ရှိ လေဘေးကြောင့် သေဆုံးသူတစ်ဦးအတွက် တာဝန်ရှိသူထံသို့ ထောက်ပံ့ငွေလွှဲပြောင်းပေးမှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ စျေးပိုင်း (၁) ရပ်ကွက်၊ မြို့မရဲစခန်းဝန်းအိမ်ယာနေ လေဘေးကြောင့် သေဆုံးသူတစ်ဦးအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် ထောက်ပံ့ကြေးငွေ (၁) သိန်းအား တာဝန်ရှိသူထံသို့ (၁၄-၆-၂၀၁၆) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လှည်းကူးအုပ်စု ဇီးခုံကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
(၁၂-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လှည်းကူးအုပ်စု ဇီးခုံကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ် ရေးပစ္စည်း (၄) မျိုးပါ (၆၄) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ(၄) အိမ်ထောင်စာနှင့် မျောပါအိမ်ခြေ (၄) လုံး အတွက် တစ်အိမ်လျှင် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀/-) စီအသီးသီးကို သွားရောက်ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါ သည်။
-
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအုပ်စု၊ သရက်ချိုကျေးရွာ လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအုပ်စု၊ သရက်ချိုကျေးရွာတွင် (၁၀-၆-၂၀၁၆)ရက်နေ့(၁ရးဝ၀)နာရီ၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာနေအိမ် (၄) လုံးပြိုကျပျက်စီးခဲ့ပြီး၊ (၁၈)လုံးအမိုးလန်ခဲ့ကာ၊ အိမ်ထောင်စု(၂၂)စုမှကျား(၄၂) ဦး၊ မ(၄၇)ဦး၊စုစုပေါင်း(၈၉)ဦးဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်၊၊ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တန်ဖိုး(၃၆၀၀၀၀)ကျပ်ရှိFamily Kit(၄)ထုပ်၊ ဆန်ရိက္ခာဖိုး(၃)ရက်စာနှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေစုစုပေါင်း(၆၄၀၁၀၀)ကျပ်တို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
သံတွဲ၊ မာန်အောင်နှင့် တောင်ကုတ်မြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့လျက်ရှိကြောင်း
(၁၃-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲရေဘေးသင့်လူဦးရေ (၈၁၉) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာ ခေါက်ဆွဲခြောက်၊ ရေသန့်များ၊ မိုးကာတဲအလုံး (၅၀) သယ်ဆောင်ပြီး အရေးပေါ်လိုအပ်ချက်များ ထောက်ပံ့ရန်နှင့် မာန်အောင်အိမ်ပြိုမှု၊ တောင်ကုတ် အိမ်ရေမျောများနှင့် ရေမျောပြီး သေဆုံး(၄) ဦးအတွက် သွားရောက်ထောက်ပံ့လျက်ရှိကြောင်း ကနဦး သတင်းရရှိပါသည်။ Source : ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဘားအံမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်ကျင်းပမှု သတင်း
(၁၃-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရက်(၁၀၀) စီမံချက်အရ ဆောင်ရွက်သည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းကို ဘားအံမြို့နယ်၌ ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးမှ သင်တန်းဖွင့် အမှာစကား ပြောကြားကာ ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်၊၊ ထို့နောက် ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးသည် သင်တန်းသားများအတွက် ဆေးစိမ်ခြင်ထောင်များပေးအပ်ရာ သင်တန်းသား ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဦးလင်းထွဋ်သည် ဘားအံမြို့နယ် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများဆောင်ရွက်ရန် Hand Speaker … Read more
-
မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၂-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၂၀၀ ) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မြဝတီခရိုင်ဦးစီးမှူးရုံးမှ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဇမ္ဗူသီရိမြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်တွင် ရက်(၁၀၀) စီမံချက်အရဆောင်ရွက်သည့် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို (၁၃.၆.၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ (၂၂၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပြည်ထောင်စုနယ်မြေအတွင်း လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထပ်မံထောက်ပံ့ပေးမှုသတင်း
ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ကဆရ) မှ ထပ်မံရရှိသော သတင်းများအရ- (၃၀-၄-၂၀၁၆) ရက်နေ့မှ (၃-၅-၂၀၁၆) ရက်နေ့အတွင်း လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည့် ပြည်ထောင်စုနယ်မြေရှိ ပျဉ်းမနားမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို (၁၂-၆-၂၀၁၆) ရက်နေ့တွင်လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများကို (၁၃-၆-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဦးစီးမှူးက ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ကဆရ)
-
မော်လိုက်မြို့နယ်၊ တွန်းပင်ကျေးရွာတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ် မီးသတ်ဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနများနှင့်ပူးပေါင်း၍ (၁၂-၆-၂၀၁၆) ရက်နေ့တွင် မော်လိုက်မြို့နယ်၊ တွန်းပင်ကျေးရွာ သို့သွားရောက်ပြီး တွန်းပင်ကျေးရွာမူလတန်းလွန်ကျောင်း၌ ကျေးရွာရပ်မိ ရပ်ဖများနှင့် ဓမ္မစကူးကျောင်းသား/သူ (၁၀၀)ခန့်အား သဘာဝဘေးအန္တရာယ်များ၏ ဆိုးကျိုးများနှင့်ကြိုတင်ကာကွယ်ရန်နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများအားဖြန့်ဝေပေးခဲ့ပါ ကြောင်းသိရှိရပါသည်။
-
တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် လေပြင်းတိုက်ခတ်မှုများ၊ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်လျက်ရှိခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ချိတ်ဆက်ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်း
ယခုလတ်တလောတွင် တိုင်းဒေသကြီး/ပြည်နယ်အချို့၌ လေပြင်းတိုက်ခတ်မှုများနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်လျက်ရှိရာ (၁၀-၆-၂၀၁၆) နှင့် (၁၁-၆-၂၀၁၆) နေ့တို့တွင်- – ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ကံသာရှမ်းစုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမျိုးသား (၁) ဦး သစ်ပင်ပိ၍ သေဆုံးခြင်း၊ ပဲခူးမြို့နယ်၊ ကမာနက်ကျေးရွာတွင် အမျိုးသား (၁) ဦး မိုးကြိုးပစ်၍ သေဆုံးခြင်း၊ ပေါင်းတည်မြို့နယ်တွင် အမျိုးသမီး (၁) ဦး သစ်ပင်ပိ၍သေဆုံခြင်း၊ ပန်းတောင်းမြို့နယ်၊ ကျေးရွာ (၅) ရွာတွင် မိုးသည်းထန်စွာ ရွာသွန်း၍ သူရဲတန်းချောင်းရေတိုက်စားမှုကြောင့် … Read more
