ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအုပ်စု၊ သရက်ချိုကျေးရွာ လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအုပ်စု၊ သရက်ချိုကျေးရွာတွင် (၁၀-၆-၂၀၁၆)ရက်နေ့(၁ရးဝ၀)နာရီ၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာနေအိမ် (၄) လုံးပြိုကျပျက်စီးခဲ့ပြီး၊ (၁၈)လုံးအမိုးလန်ခဲ့ကာ၊ အိမ်ထောင်စု(၂၂)စုမှကျား(၄၂) ဦး၊ မ(၄၇)ဦး၊စုစုပေါင်း(၈၉)ဦးဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်၊၊ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  တန်ဖိုး(၃၆၀၀၀၀)ကျပ်ရှိFamily Kit(၄)ထုပ်၊ ဆန်ရိက္ခာဖိုး(၃)ရက်စာနှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေစုစုပေါင်း(၆၄၀၁၀၀)ကျပ်တို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events