ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ် မီးသတ်ဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနများနှင့်ပူးပေါင်း၍ (၁၂-၆-၂၀၁၆) ရက်နေ့တွင် မော်လိုက်မြို့နယ်၊ တွန်းပင်ကျေးရွာ သို့သွားရောက်ပြီး တွန်းပင်ကျေးရွာမူလတန်းလွန်ကျောင်း၌ ကျေးရွာရပ်မိ ရပ်ဖများနှင့် ဓမ္မစကူးကျောင်းသား/သူ (၁၀၀)ခန့်အား သဘာဝဘေးအန္တရာယ်များ၏ ဆိုးကျိုးများနှင့်ကြိုတင်ကာကွယ်ရန်နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများအားဖြန့်ဝေပေးခဲ့ပါ ကြောင်းသိရှိရပါသည်။