ပြည်ထောင်စုနယ်မြေအတွင်း လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထပ်မံထောက်ပံ့ပေးမှုသတင်း

1 2

ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ကဆရ) မှ ထပ်မံရရှိသော သတင်းများအရ-

(၃၀-၄-၂၀၁၆) ရက်နေ့မှ (၃-၅-၂၀၁၆) ရက်နေ့အတွင်း လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည့် ပြည်ထောင်စုနယ်မြေရှိ ပျဉ်းမနားမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို (၁၂-၆-၂၀၁၆) ရက်နေ့တွင်လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများကို (၁၃-၆-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဦးစီးမှူးက ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events