ဘားအံမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်ကျင်းပမှု သတင်း

131 132 134 4

(၁၃-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရက်(၁၀၀) စီမံချက်အရ ဆောင်ရွက်သည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းကို ဘားအံမြို့နယ်၌ ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးမှ သင်တန်းဖွင့် အမှာစကား ပြောကြားကာ ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်၊၊ ထို့နောက် ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးသည် သင်တန်းသားများအတွက် ဆေးစိမ်ခြင်ထောင်များပေးအပ်ရာ သင်တန်းသား ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဦးလင်းထွဋ်သည် ဘားအံမြို့နယ် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများဆောင်ရွက်ရန် Hand Speaker များပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးရဲမင်းအောင် ကလက်ခံရယူခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို သင်တန်းသား (၃၀) ဦးနှင့် ဌာနဆိုင်ရာ (၂၀) ဦး၊ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ပါကြောင်းနှင့် သင်တန်းကို (၃) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events