(၁၂-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လှည်းကူးအုပ်စု ဇီးခုံကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ် ရေးပစ္စည်း (၄) မျိုးပါ (၆၄) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ(၄) အိမ်ထောင်စာနှင့် မျောပါအိမ်ခြေ (၄) လုံး အတွက် တစ်အိမ်လျှင် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀/-) စီအသီးသီးကို သွားရောက်ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါ သည်။