Author Archives: RRD

  • ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တပ်မိသားစုများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တပ်မိသားစုများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို (၁၄. ၆ .၂၀၁၆ )ရက်နေ့(၁၄းဝ၀ ) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲတွင် ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနပြည်နယ်ဦးစီးမှူး၊ မီးသတ်ပြည်နယ်ဦးစီးမှူး ၊တပ်မတော်မှ သားဖွာမီးယပ်ပါရဂူနှင့် ကလေးအထူးကုပါရဂူတို့ကဟောပြောခဲ့ကြပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသော သဘာဝဘေးကြို တင်ကာကွယ်ရေး လုပ်ငန်းများ၊ ဖြစ်ပွားလေ့ရှိသော သဘာဝဘေးများ နှင့် ဆောင်ရန်ရှောင်ရန် အချက်များ သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေများ အကြောင်းကို ဥပဒေစာအုပ်များ လက်ကမ်းစာစောင်များ အသုံးပြု၍ ဟောပြောခဲ့ရာ … Read more

  • ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် တိုက်ပွဲရှောင် မိသားစုများ အားထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှုရုံးမှ တာဝန်ရှိသူများသည် ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် တိုက်ပွဲရှောင်မိသားစု (၂၆ )စုမှ လူဦးရေ(၁၃၇ )ဦးအတွက် ပစ္စည်း (၆)မျိုးပါFamily Kit (၂၆)စုံနှင့် ဆန်ရိက္ခာဖိုး (၁၂၃၃၀၀ )ကျပ်ကို(၂၀ .၅. ၂၀၁၆)ရက်နေ့တွင်လည်းကောင်း ၊ ထပ်တိုးအိမ်ထောင်စု (၄) စုစာ ပစ္စည်း (၆)မျိုးပါFamily Kit ( ၄ )စုံနှင့် (၇)ရက်စာဘီစကစ်( ၁၄၇၀) ထုပ်ကို (၁၃ .၆. ၂၀၁၆) ရက်နေ့တွင် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။အဆိုပါအိမ်ထောင်စုများကိုပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့်လတ်တလောတွင် … Read more

  • ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာတွင် (၁၇-၅-၂၀၁၆) မှ (၁၉-၅-၂၀၁၆) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် အိမ်ထောင်စု (၇၈) စု နှင့် (၁၁-၆-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးဒုက္ခကြုံ တွေ့ခဲ့ရသည့် အိမ်ထောင်စု (၂၄) စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ပြိုလဲအိမ်ခြေများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ၊ ဆန်ရိက္ခာဖိုးငွေ စုစုပေါင်း (၁၁၂၆၂၀၀/-) ကျပ်ကို (၁၆-၆-၂၀၁၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events