ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာတွင် (၁၇-၅-၂၀၁၆) မှ (၁၉-၅-၂၀၁၆) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် အိမ်ထောင်စု (၇၈) စု နှင့် (၁၁-၆-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးဒုက္ခကြုံ တွေ့ခဲ့ရသည့် အိမ်ထောင်စု (၂၄) စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ပြိုလဲအိမ်ခြေများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ၊ ဆန်ရိက္ခာဖိုးငွေ စုစုပေါင်း (၁၁၂၆၂၀၀/-) ကျပ်ကို (၁၆-၆-၂၀၁၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။