ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကညင်မြိုင်ကျေးရွာနှင့် မန်ရွက်ကျေးရွာများရှိ လေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှုရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာနှင့် မန်ရွက်ကျေးရွာများရှိ လေဘေးသင့် အိမ်ထောင်စု (၁၁) စုရှိ လူဦးရေ (၅၃) ဦးစာအတွက် ဆန်ဖိုးငွေကျပ် (၄၇၇၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၃၄၀၀၀၀/-)၊ ပြိုကျပျက်စီး (၂) လုံး၊ အမိုးလန် (၉) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်းတို့အတွက် စုစုပေါင်းငွေကျပ် (၃၈၇၇၀၀/-) ၊ သင်္ကန်းခြင်း (၁) ခြင်းနှင့် သင်္ကန်း (၅) စုံတို့အား (၁၄-၅-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source : ကချင်ပြည်နယ်ဦးစီးမှုရုံး (ကဆရ)

Sign Up

Upcoming Events