ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးနှင့် World Vision (ကျိုင်းတုံ) တို့ ပူးပေါင်းပြီး မြို့နယ်အဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသေးစားရန်ပုံငွေထောက်ပံ့မှု အလုပ်ရုံဆွေးနွေးပွဲ

                          (၁၆-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးနှင့် World Vision(ကျိုင်းတုံ)တို့ ပူးပေါင်းပြီး မြို့နယ်အဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသေးစားရန်ပုံငွေထောက်ပံ့မှု အလုပ်ရုံဆွေးနွေးပွဲကို ကျိုင်းတုံမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးမှ အမှာစကားပြောကြားခဲ့ပြီး ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်အောင်မှ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့်ဘာဝဘေးလျော့ပါးရေး ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေး ခဲ့ပါသည်။                                                                                                                                                       အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရပ်ကွက်/ ကျေးရွာသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုစုပေါင်းလူဦးရေ (၅၆) ဦးတက် ရောက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events