ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် တိုက်ပွဲရှောင် မိသားစုများ အားထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှုရုံးမှ တာဝန်ရှိသူများသည် ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် တိုက်ပွဲရှောင်မိသားစု (၂၆ )စုမှ လူဦးရေ(၁၃၇ )ဦးအတွက် ပစ္စည်း (၆)မျိုးပါFamily Kit (၂၆)စုံနှင့် ဆန်ရိက္ခာဖိုး (၁၂၃၃၀၀ )ကျပ်ကို(၂၀ .၅. ၂၀၁၆)ရက်နေ့တွင်လည်းကောင်း ၊ ထပ်တိုးအိမ်ထောင်စု (၄) စုစာ ပစ္စည်း (၆)မျိုးပါFamily Kit ( ၄ )စုံနှင့် (၇)ရက်စာဘီစကစ်( ၁၄၇၀) ထုပ်ကို (၁၃ .၆. ၂၀၁၆) ရက်နေ့တွင် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။အဆိုပါအိမ်ထောင်စုများကိုပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့်လတ်တလောတွင် မြစ်ကြီးနားမြို့လီဆူးရိုးရာဗိမ္မာန်အားကစားကွင်းတွင်ယာယီနေရာချထားပေးလျက်ရှိပြီး ယခုလအတွင်းမြစ်ကြီးနားမြို့ငွေပျော်စံပြကျေးရွာတွင် ရေရှည်အတွက်နေရာချထားပေးမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events