ချင်းပြည်နယ်တွင် ကဏ္ဍပေါင်းစုံကနဦးလိုအပ်ချက် လေ့လာဆန်းစစ်မှု(MIRA) နှင့် လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးသဘောသဘာဝနှင့် ဖွဲ့စည်းပုံ/ သရုပ်ပုံသင်တန်းဖွင့်ပွဲကို (၁၄-၆-၂၀၁၆) ရက်နေ့ (၀၉:ဝဝ) နာရီအချိန်တွင် ခရိုင်/ ထွေအုပ်အစည်းဝေးခန်းမ၌ကျင်းပခဲ့ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန် မှ အဖွင့်မိန့်ခွန်း ပြောကြားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့် လှစ်ရခြင်းအကြောင်း အကျယ်တဝင့်ပြောကြားခဲ့ ပါသည်။ အဆိုပါ သင်တန်းတွင် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ UN/INGO အဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများနှင့် သင်တန်းသား/သူ စုစုပေါင်း (၈၀) ဦးတက်ရောက်ကြခဲ့ပြီး သင်တန်းကာလမှာ (၁၄-၆-၂၀၁၆) ရက်နေ့မှ (၁၅-၆-၂၀၁၆) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)