ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တပ်မိသားစုများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို (၁၄. ၆ .၂၀၁၆ )ရက်နေ့(၁၄းဝ၀ ) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲတွင် ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနပြည်နယ်ဦးစီးမှူး၊ မီးသတ်ပြည်နယ်ဦးစီးမှူး ၊တပ်မတော်မှ သားဖွာမီးယပ်ပါရဂူနှင့် ကလေးအထူးကုပါရဂူတို့ကဟောပြောခဲ့ကြပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသော သဘာဝဘေးကြို တင်ကာကွယ်ရေး လုပ်ငန်းများ၊ ဖြစ်ပွားလေ့ရှိသော သဘာဝဘေးများ နှင့် ဆောင်ရန်ရှောင်ရန် အချက်များ သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေများ အကြောင်းကို ဥပဒေစာအုပ်များ လက်ကမ်းစာစောင်များ အသုံးပြု၍ ဟောပြောခဲ့ရာ တပ်မိသားစုအင်အား (၃၀၀) ခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။