Author Archives: RRD

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မြို့ဦးပရဟိတဘုန်းတော်ကြီးကျောင်းသို့ရေလှူဒါန်းမှုသတင်း

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မြို့ဦး ပရဟိတဘုန်းတော်ကြီးကျောင်းမှ သုံးရေလိုအပ်မှုရှိသည့် အတွက် နေပြည်တော်Call Center သို့ဆက်သွယ် အကူအညီတောင်းခံလာခဲ့ရာ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၇-၆-၂၀၁၆)ရက်နေ့(၁၂းဝ၀) နာရီအချိန်တွင်သွားရောက်ကွင်းဆင်း ကြည့်ရှု့ပြီးသုံး ရေဂါလံ(၃၂၀၀)ဝယ်ယူသုံးစွဲရန်ကုန်ကျငွေ (၆၀၀၀၀) ကျပ်နှင့်မိုးကာလိပ်(ကိုက် ၁ဝဝပါ)(၁)လိပ်ထောက်ပံ့ပေး အပ်ခဲ့ကာရေကန်ဆောက်လုပ်ရန်လိုအပ်မှုအတွက်ညှိနှိုင်းတွက်ချက်တင်ပြပေးရေးတို့ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်၊၊  

  • KBZဘဏ်အနာဂတ်အလင်းတန်းဖောင်ဒေးရှင်းမှ ချင်းပြည်နယ်ဒေသအတွင်း ဘေးသင့်ပြည်သူများအတွက် လိုအပ်သည်များကူညီပံ့ပိုးပေးနိုင်ရန် အလှူငွေသိန်း(၁၀၀၀)ပေးအပ်လှူဒါန်းခြင်းအခမ်းအနား

    (၂၀-၆-၂၀၁၆ )ရက်နေ့၊ချင်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမတွင် KBZဘဏ်အနာဂတ်အလင်းတန်းဖောင်ဒေးရှင်းမှချင်းပြည်နယ်ဒေသအတွင်း ဘေးသင့်ပြည်သူများအတွက် လိုအပ်သည်များကူညီပံ့ပိုးပေးနိုင်ရန် အလှူငွေသိန်း(၁၀၀၀)ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပခဲ့ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အဖွင့်အမှာ စကားပြောကြားပြီး၊ KBZဘဏ်အုပ်စုကုပ္မဏီလီမိတက်မှ အရည်အသွေးစစ်ဆေးရေးအရာရှိ ဦးရဲသွေးဦးက ဒေသတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလိုအပ်ချက်များဆောင်ရွက်နိုင်ရေးအတွက်အလှူငွေသိန်း(၁၀၀၀)လှူဒါန်းရခြင်းအကြောင်း ဆွေးနွေးခဲ့ပြီး၊ KBZဘဏ် ဦးရဲသွေးဦးမှ အလှူငွေပေးအပ်၍ ချင်းပြည်နယ်ဝန်ကြီးချုပ်မှလက်ခံပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကာ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော် က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

  • ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂဏန်းပြင်ကျေးရွာ မြေပြိုဘေးသင့်ပြည်သူများနှင့် ရေနစ်သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ပေးမှုသတင်း

    (၁၀-၆-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂဏန်းပြင်ကျေးရွာ၌ မြေပြိုမှုဖြစ်ပွားခဲ့ရာ နေအိမ် (၂) လုံးပြိုကျခဲ့သည့်အတွက် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ အဆိုပါပြိုကျအိမ်ခြေ (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၁၀၀၀၀၀) အိမ်ခြေ (၂) လုံးစာနှင့် ဆန်ရိက္ခာဘိုးငွေကျပ် (၄၅၀၀) ကျပ်တို့ကိုလည်းကောင်း၊ သလူးမော်ကျေးရွာ၌ (၆-၆-၂၀၁၆) ရက်နေ့တွင် ရေနစ်သေဆုံးသည့်ကလေးတစ်ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀)၊ ထောက်ပံ့ငွေစုစုပေါင်း (၂၀၄၅၀၀) ကျပ်တိတိအား အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံသို့ (၁၇-၆-၂၀၁၆) … Read more

Sign Up

Upcoming Events