လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ Four Seasons Hotel တွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့် အာရှ-ဥရောပ သက်ကြီးရွယ်အိုများ လူ့အခွင့်အရေးဆိုင်ရာအဆင့်မြင့်ပုဂ္ဂိုလ်များ ဆွေးနွေးပွဲဖိုရမ်သို့တက်ရောက်ပြီး သက်ကြီးရွယ်အို များဆင်းရဲမှုလျော့ချရေး၊ ကျန်းမာရေးမြင့်တင်ရေး၊ သက်ကြီးရွယ်အိုဆိုင်ရာ အခွင့်အရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စံ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ ကို အာရှ-ဥရောပ ASEM အဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာကြသည့်အဆင့်မြင့်ပုဂ္ဂိုလ်များ၊ ကျွမ်းကျင်သူ များနှင့် ဆွေးနွေးဖလှယ်ခဲ့ပြီး ဖိုရမ်ပိတ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အပိတ်အမှာစကားပြောကြားခဲ့ပါသည်။
ယင်းသို့ပြောကြားရာ၌ မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လူမှုကာကွယ်စောင့်ရှောက် ရေးအစီအစဥ်နှင့် ရက် (၁၀၀) စီမံကိန်းတွင် ပါဝင်သည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဆိုင်ရာ လက်ရှိဦးစားပေးဆောင်ရွက်မှုများကို အသိပေးပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတက် ရောက်စဥ်အတွင်း Help Age Korea မှ ဥက္ကဌ Mr Cho Myung က လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင်၂၀၀၄ခုနှစ်က စတင်သည့် သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစဥ်များတွင် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်နေမှုနှင့် ရရှိခဲ့သည့်အောင်မြင်မှုများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ြပီး ြမန်မာနိုင်ငံ၏ လက်ရှိ သက်ကြီးရွယ်အိုဆိုင်ရာမူဝါဒ (ပေါ်လစီ) ရေးဆွဲရာတွင် အမြန်ဆုံးပေါ်ပေါက်နိုင်ရေး အတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
ကိုးရီးယားသမ္မတနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် အဆိုပါ ဖိုရမ်သို့ အာရှ-ဥရောပ (၂၉) နိုင်ငံမှ ကိုယ်စားလှယ် (၂၁၉) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။