ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မြို့ဦးပရဟိတဘုန်းတော်ကြီးကျောင်းသို့ရေလှူဒါန်းမှုသတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မြို့ဦး ပရဟိတဘုန်းတော်ကြီးကျောင်းမှ သုံးရေလိုအပ်မှုရှိသည့် အတွက် နေပြည်တော်Call Center သို့ဆက်သွယ် အကူအညီတောင်းခံလာခဲ့ရာ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၇-၆-၂၀၁၆)ရက်နေ့(၁၂းဝ၀) နာရီအချိန်တွင်သွားရောက်ကွင်းဆင်း ကြည့်ရှု့ပြီးသုံး ရေဂါလံ(၃၂၀၀)ဝယ်ယူသုံးစွဲရန်ကုန်ကျငွေ (၆၀၀၀၀) ကျပ်နှင့်မိုးကာလိပ်(ကိုက် ၁ဝဝပါ)(၁)လိပ်ထောက်ပံ့ပေး အပ်ခဲ့ကာရေကန်ဆောက်လုပ်ရန်လိုအပ်မှုအတွက်ညှိနှိုင်းတွက်ချက်တင်ပြပေးရေးတို့ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်၊၊

 

Sign Up

Upcoming Events