(၂၀-၆-၂၀၁၆ )ရက်နေ့၊ချင်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမတွင် KBZဘဏ်အနာဂတ်အလင်းတန်းဖောင်ဒေးရှင်းမှချင်းပြည်နယ်ဒေသအတွင်း ဘေးသင့်ပြည်သူများအတွက် လိုအပ်သည်များကူညီပံ့ပိုးပေးနိုင်ရန် အလှူငွေသိန်း(၁၀၀၀)ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပခဲ့ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အဖွင့်အမှာ စကားပြောကြားပြီး၊ KBZဘဏ်အုပ်စုကုပ္မဏီလီမိတက်မှ အရည်အသွေးစစ်ဆေးရေးအရာရှိ ဦးရဲသွေးဦးက ဒေသတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလိုအပ်ချက်များဆောင်ရွက်နိုင်ရေးအတွက်အလှူငွေသိန်း(၁၀၀၀)လှူဒါန်းရခြင်းအကြောင်း ဆွေးနွေးခဲ့ပြီး၊ KBZဘဏ် ဦးရဲသွေးဦးမှ အလှူငွေပေးအပ်၍ ချင်းပြည်နယ်ဝန်ကြီးချုပ်မှလက်ခံပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကာ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော် က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။