၁၇-၆-၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် တောင်ဒဂုံမြို့နယ် ၊ မြိုင်တန်းသာ (၁) လမ်းတွင် (၂၄-၅-၂၀၁၆) ရက်နေ့တိုက်ခတ်ခဲ့ သည့် လေပြင်းကြောင့် လူနေအိမ် (၁) လုံးပြိုလဲကာ (၈) လုံး အမိုးလန်ပျက်စီးပြီး လူဦးရေ (၄၆) ဦး ဘေးဒဏ်သင့်ခဲ့ပါသည် ။
အဆိုပါသတင်းအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့သာတင်ပြပြီး မိမိဌာနသို့ အကြောင်းကြားခြင်း ၊ ကယ်ဆယ်ရေးပစ္စည်းများတောင်းခံခြင်း များမရှိခဲ့၍ အချိန်မီ ထောက်ပံ့မှု ပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။ သို့သော်လည်း လွှတ်တော် ကော်မတီနှင့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တို့ မှ ထောက်ပံ့နိုင်ရေးညှိနှိုင်းမှုအရ ရုံးချုပ်သို့လည်း ဆက်သွယ်တင်ပြခဲ့ပြီး ယနေ့ တွင် အဆိုပါ အိမ်ထောင်စု (၉) စု နှင့် နေအိမ်စုစုပေါင်း (၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၉) အိမ်ထောင် ၊ Care Myanmar Family Kit (၉) ခု ၊အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း ( ၂၁၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၄၁၄၀၀/-) ကျပ်တို့အား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ ဦးသာအောင်၊ အတွင်းရေးမှူး ဦးညီညီ ၊ကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့် အမှုထမ်းများမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။