(၁၀-၆-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂဏန်းပြင်ကျေးရွာ၌ မြေပြိုမှုဖြစ်ပွားခဲ့ရာ နေအိမ် (၂) လုံးပြိုကျခဲ့သည့်အတွက် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ အဆိုပါပြိုကျအိမ်ခြေ (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၁၀၀၀၀၀) အိမ်ခြေ (၂) လုံးစာနှင့် ဆန်ရိက္ခာဘိုးငွေကျပ် (၄၅၀၀) ကျပ်တို့ကိုလည်းကောင်း၊ သလူးမော်ကျေးရွာ၌ (၆-၆-၂၀၁၆) ရက်နေ့တွင် ရေနစ်သေဆုံးသည့်ကလေးတစ်ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀)၊ ထောက်ပံ့ငွေစုစုပေါင်း (၂၀၄၅၀၀) ကျပ်တိတိအား အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံသို့ (၁၇-၆-၂၀၁၆) ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။