ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျွန်းလျားကြီး ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်း၊ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့မှုသတင်း

a11 a4 a3

(၁၇-၆-၂၀၁၆) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်း မြို့နယ်၊ ကျွန်းလျားကြီးကျေးရွာအုပ်စု၊ သဲဖြူကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀,၀၀၀) ကျပ်၊ အမိုး/အကာပျက်စီးခဲ့သည့် နေအိမ် (၁၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး (၃၀၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၈၂) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာ ထောက်ပံ့ငွေ(၇၃,၈၀၀) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၆၂၃,၈၀၀) ကျပ် ခြောက်သိန်း နှစ်သောင်း သုံးထောင့် ရှစ်ရာတိတိအား သာပေါင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ သာပေါင်းမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့်အတူ သာပေါင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events