Author Archives: RRD
-
ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ပင်ဖြစ်ကျေးရွာမီးဘေးသင့်သူများအတွက် ထောက်ပံ့ပြီးစီးမှု
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ပင်ဖြစ်ကျေးရွာတွင် (၁၁-၁-၁၇) ရက်နေ့ (၁၈:၄၅)အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု(၁)စုစာနှင့် မီးဘေးသင့်သူ(၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃)ရက်စာအတွက် ငွေ(၁၀,၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ် နှင့် စုစုပေါင်းငွေ(၁၁၀,၈၀၀/-)ကျပ်အား (၁၃-၁-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ တောင်းအင်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၁၇) ရက်နေ့ (၁ဝ:ဝ၀) အချိန်မှ (၁၁:၃၀) အချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ တောင်းအင် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကျောင်းသား/ ကျောင်းသူ လူငယ်များအနေဖြင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ သဘာဝဘေးနှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၂၀) ဦး တက်ရောက် ခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာများအား ကျောင်းအုပ် ဆရာမကြီးထံပေးအပ်ခဲ့ကြောင်း … Read more
-
DAN Mobile Application and KO BO Mobile Application အသုံးပြုပုံများအား ရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၂-၁-၂၀၁၇) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်သို့သွားရောက်၍ ဌာနဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများအား သဘာဝ ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများ အရေးကြီးမိုးလေဝသသတင်းများ အရေးပေါ် ဖုန်းနံပါတ်များ သဘာဝဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များ ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်သတိပေးချက်ပေးပို့သည့်စနစ်များပါဝင်သည့် DAN and KO BO Mobile Application အကြောင်း မိတ်ဆက်ဆွေးနွေးခြင်း၊ Install ပြုလုပ်ပေးခြင်း၊ Sticker ဝေငှခြင်းနှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များ၌ DAN Mobile Application နှင့် DAN Mobile Application Sticker များ ဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၁၇) ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များ၌ သဘာဝ ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများ အရေးကြီးမိုးလေဝသသတင်းများ အရေးပေါ်ဖုန်းနံပါတ်များ သဘာဝဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များ ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်သတိပေးချက်ပေးပို့သည့် စနစ်များပါဝင်သည့် DAN Mobile Application အကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် DAN Mobile Application Sticker များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခြင်း၊ DAN နှင့် KOBO Application အသုံးပြုပုံနည်းလမ်းများဖြန့်ဝေခြင်းနှင့် မီးဘေးအန္တရာယ်ဆိုင်ရာလေ့ကျင့်ခန်းများပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတတ္တာခရိုင်ဦးစီမှူးရုံးနှင့် UN- Habitat တို့ပူးပေါင်၍ (၁၂-၁-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့၌ ကျင်းပသော မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း၌ သဘာဝဘေးနှင့်စပ်လျဉ်းသည့် သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးလျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ကြိုတင်သတိပေးစနစ်များ၊ အရေးကြီးဖုန်းနံပါတ်နှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Application အသုံးပြုပုံနှင့် KOBO Application အသုံးပြုပုံများကို ရှင်းလင်းဆွေးနွေးပြီး သင်တန်းသား၊ သင်တန်းသူများအား သဘာဝဘေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်း၊ DAN Application နှင့် … Read more
-
ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာနှင့် တာပလပ်ကျေးရွာတို့တွင် ရေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ စုစုပေါင်း အိမ်ထောင်စု (၉၉) စုအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၅၄၂၀၀) ကျပ်တို့အား (၁၂-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ မောတောင်ဒေသအမှတ် (၉) ကျေးရွာတွင် ရေမျောပါ အိမ်ခြေ (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) နှင့် ရေနစ်မြုပ်အိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ စုစုပေါင်း အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၅၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၀၅၀၀၀) ၊ စုစုပေါင်း (၃၀၅၀၀၀) တို့အား … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာထိခိုက်နိုင်ခြေအား နားလည်နိုင်မှုစွမ်းရည်နှင့် ဘေးဖြစ်နိုင်ခြေများ ကနဦးလေ့လာဆန်းစစ်ခြင်းသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေးချက် DAN Application အသုံးပြုပုံများ ရှင်းလင်းဆွေးနွေးမှုသတင်း
(၁၂-၁-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် Action Aid အဖွဲ့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ကာကွယ်ရေးအတွက် ဘေးဖြစ်နိုင်ခြေရှိသည့်ကမ်းရိုးတန်းဒေသရှိ စေတနာ့ဝန်ထမ်းလူငယ်များကို သဘာဝဘေးအန္တရာယ်ဆိုင်ရာထိခိုက်နိုင်ခြေအား နားလည်နိုင်မှုစွမ်းရည်နှင့် ဘေးဖြစ်နိုင်ခြေများ ကနဦးလေ့လာဆန်းစစ်ခြင်းသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေးချက် DAN Application အသုံးပြုပုံအား ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
“လူမှုဝန်ထမ်းဥပဒေ” ထွက်ပေါ်လာရေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စတင်ဆောင်ရွက်
နေပြည်တော်၊ ဇန်နဝါရီ (၁၂)ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူမှုဝန်ထမ်း လုပ်ငန်းဆိုင်ရာ တာဝန်ခံဝန်ကြီးဌာနဖြစ်သည်နှင့်အညီ လူမှုဝန်ထမ်းလုပ်ငန်းများအား သတ်မှတ်စံချိန်စံနှုန်းများ၊ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်းဆိုင်ရာဥပဒေ (မူကြမ်း) (Social Work Bill) ရေးဆွဲရေး ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးအား (၁၂.၁.၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန််ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ် … Read more
-
တပ်ကုန်းမြို့နယ်နှင့်ဇေယျာသီရိမြို့နယ်များရှိ ဖုန်းဆိုင်များ၌ DAN Mobile Application နှင့် DAN Mobile Application Sticker များ ဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၇) ရက်နေ့တွင် တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များရှိ ဖုန်းဆိုင်များတွင် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများ အရေးကြီးမိုးလေဝသသတင်းများ အရေးပေါ်ဖုန်းနံပါတ်များ သဘာဝဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များ ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေးချက်ပေးပို့သည့် စနစ်များပါဝင်သည့် DAN Mobile Application အကြောင်းရှင်းလင်းပြောကြားခြင်းနှင့် DAN Mobile Application Sticker များအား ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
