ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတတ္တာခရိုင်ဦးစီမှူးရုံးနှင့် UN- Habitat တို့ပူးပေါင်၍ (၁၂-၁-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့၌ ကျင်းပသော မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း၌ သဘာဝဘေးနှင့်စပ်လျဉ်းသည့် သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးလျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ကြိုတင်သတိပေးစနစ်များ၊ အရေးကြီးဖုန်းနံပါတ်နှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Application အသုံးပြုပုံနှင့် KOBO Application အသုံးပြုပုံများကို ရှင်းလင်းဆွေးနွေးပြီး သင်တန်းသား၊ သင်တန်းသူများအား သဘာဝဘေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်း၊ DAN Application နှင့် KOBO Application အား လက်ကိုင်ဖုန်းများတွင် ထည့်သွင်းဆောင်ရွက်ပေးခဲ့ပြီး သဘာဝဘေးအသိပညာသင်ခန်းစာများဆက်လက်ပို့ချခဲ့ပါသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေးသင်ခန်းစာများအား power point ဖြင့် ရှင်းလင်းခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်တို့အား လက်တွေ့သရုပ်ပြလေ့ကျင်ပေးခဲ့ပါသည်။ အဆိုပါ သင်တန်း၌ သင်တန်းသား၊ သင်တန်းသူများနှင့် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)၊ UN-Habitat နှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူစုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)