ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၁၇) ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များ၌ သဘာဝ ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများ အရေးကြီးမိုးလေဝသသတင်းများ အရေးပေါ်ဖုန်းနံပါတ်များ သဘာဝဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များ ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်သတိပေးချက်ပေးပို့သည့် စနစ်များပါဝင်သည့် DAN Mobile Application အကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် DAN Mobile Application Sticker များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)