ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ မောတောင်ဒေသအမှတ် (၉) ကျေးရွာတွင် ရေမျောပါ အိမ်ခြေ (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) နှင့် ရေနစ်မြုပ်အိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ စုစုပေါင်း အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၅၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၀၅၀၀၀) ၊ စုစုပေါင်း (၃၀၅၀၀၀) တို့အား (၁၂-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)