Author Archives: RRD

  • ဖျာပုံမြို့နယ် ၊ ချောင်းတွင်းကျေးရွာအုပ်စု ၊ ချောင်းတွင်းကျေးရွာ လေဘေး ထောက်ပံ့မှုသတင်း

    (၉.၇.၂၀၁၆) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာအုပ်စု၊ ချောင်းတွင်းကျေးရွာတွင် လေပြင်းတိုက်ခတ်ခဲ့သောကြောင့်အိမ်ခြေ (၁) လုံး ပျက်စီးမှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၆) ရက်နေ့တွင် အဆိုပါလေဘေးသင့်အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ဖိုးငွေ (၃)ရက်စာ (၅၄၀၀) ကျပ် နှင့် အိမ်ဆောက်ပစ္စည်းဘိုး (၅၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာရှိ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၁၂-၇-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၀- ၇- ၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားသောမီးဘေးကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာတွင် ဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁) စုစာ လူဦးရေ (၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ထောင်စု (၁) စုစာ ဆန်ရိက္ခာ (၃) ရက်စာ (၃၆၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်း (၅၀၀၀၀/-) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source : ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ပဲခူးတိုင်းဒေသကြီး၊လက်ပံတန်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၁၂-၇-၂၀၁၆) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်ရှိ ၊ ကျေးရွာအုပ်စု(၄)စုတွင် (၆-၇-၂၀၁၆) ရက်နေ့၌ လေဘေးဖြစ်ပွားခဲ့ရာ အဆိုပါလေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး နှင့် လူဦးရေ (၁၅၀)ဦးတို့အတွက် ဆန်ဖိုးငွေ စုစုပေါင်း (၁၁၆၅၀၀၀)ကျပ် နှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ထောက်ပံ့မှုပေးနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ လွဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရှိရ ပါသည်။

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      (၁၁-၇-၂၀၁၆) ရက်နေ့နှင့် (၁၂-၇-၂၀၁၆) ရက်နေ့တို့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ကျေးရွာ( ၆ ) ရွာမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၆၄) စု၊ လူဦးရေ စုစုပေါင်း (၂၅၂) ဦးတို့အတွက် ဆန် (၃) ရက်စာထောက်ပံ့ငွေ (၂၂၆,၈၀၀/- ) ကျပ်နှင့် အိမ်ထောင်စု (၆၄) စုစာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး တို့ကို ရွှေမြင်သာဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events