ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ရတနာရွှေဂူဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ‌ ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၈. ၇. ၂၀၁၆)ရက်နေ့ နှင့် (၉. ၇. ၂၀၁၆)ရက်နေ့တို့တွင် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ရတနာရွှေဂူဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု(၉၃)စုမှ လူဦးရေ(၃၃၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ထောင်စု(၉၃)စုစာနှင့် လူဦးရေ(၃၃၉)ဦးအတွက် ဆန်(၃)ရက်စာ (၃၀၅၁၀၀/)ကျပ်အား(၁၁. ၇. ၂၀၁၆)ရက်နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်းသိရှိရပါသည်၊၊

Sign Up

Upcoming Events