မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မော်လိုက်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် (၁၀-၇-၂၀၁၆) ရက်နေ့အထိ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု(၁၁၅)စုမှ လူဦးရေ(၅၈၄)ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာ(၅၂၅၆၀၀)ကျပ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events