(၁၁-၇-၂၀၁၆) ရက်နေ့၊ နံနက် (၀၈) နာရီအချိန်တွင် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၌ “ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း” ဖွင့်လှစ်ပို့ချရာတွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးဟောပြောခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ လူဦးရေ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)