(၁၂-၇-၂၀၁၆) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်ရှိ ၊ ကျေးရွာအုပ်စု(၄)စုတွင် (၆-၇-၂၀၁၆) ရက်နေ့၌ လေဘေးဖြစ်ပွားခဲ့ရာ အဆိုပါလေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး နှင့် လူဦးရေ (၁၅၀)ဦးတို့အတွက် ဆန်ဖိုးငွေ စုစုပေါင်း (၁၁၆၅၀၀၀)ကျပ် နှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ထောက်ပံ့မှုပေးနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ လွဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရှိရ ပါသည်။