(၁၁-၇-၂၀၁၆) ရက်နေ့နှင့် (၁၂-၇-၂၀၁၆) ရက်နေ့တို့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ကျေးရွာ( ၆ ) ရွာမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၆၄) စု၊ လူဦးရေ စုစုပေါင်း (၂၅၂) ဦးတို့အတွက် ဆန် (၃) ရက်စာထောက်ပံ့ငွေ (၂၂၆,၈၀၀/- ) ကျပ်နှင့် အိမ်ထောင်စု (၆၄) စုစာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး တို့ကို ရွှေမြင်သာဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)