Author Archives: RRD

  • ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုသတင်း

      (၂၇-၇-၂၀၁၆) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် (၂၄-၇-၂၀၁၆) ရက်နေ့၌ ဖြစ်ပွား သော ရေဘေးသင့်  အိမ်ထောင်စု (၂၁၀) စု၊ လူဦးရေ (၈၁၀) ဦး အတွက် ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၇၂၉,၀၀၀) ကျပ်တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဘုန်းကြီး ကျောင်း (၁) ကျောင်း အတွက် သင်္ကန်း (၁၀) စုံ တို့ကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more

  • ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ရောက်ရှိနေသော တိုက်ပွဲ ရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများပြုလုပ်ခဲ့ရာ အိမ်ထောင်စု (၁၀) စုမှ လူဦးရေ ၃၈ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) ျိုး တန်ဖိုး ၂၂၀၆၆၀ကျပ် နှင့် ဆန်ရိက္ခာ (၃)ရက်စာ တန်ဖိုး ၃၄၂၀၀ကျပ်အား သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်၊၊

  • စစ်တွေမြို့တွင် “သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ပြုလုပ်မှုသတင်း

    (၂၇-၇-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ မင်းသူရိယခန်းမတွင် “သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်ခဲ့ရာ ထိုဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ (၁) ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၁) ဦး၊ ရခိုင်ပြည် နယ်ဦးစီးမှူးရုံး (ကဆရ) မှ (၁)ဦး၊ လူမူဝန်ထမ်းဦးစီးဌာနမှ (၁)ဦး ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ (၁) ဦး၊ မီးသတ်ဦးစီးဌာနမှ (၁) ဦး၊ ကျန်းမာရေးဦးစီးဌာနမှ(၂) ဦး၊ ပညာရေးဦးစီးဌာနမှ (၂) ဦးနှင့် NGO/INGO … Read more

  • ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

        ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဂျတ်မိုင်ကျေးရွာတွင် (၂၅-၇-၂၀၁၆) ရက်နေ့၌ဖြစ်ပွားသော ရေဘေးသင့် အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၈) စု၊ လူဦးရေ (၄၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ထောင်စု (၈) စုစာအတွက် ဆန်ရိက္ခာ (၃) ရက်စာ (၄၀,၅၀ိ/-) နှင့် အိမ်ဆောက်ပစ္စည်း ဖိုး(၂၀၀,၀၀ိ/-) တို့အား (၂၆-၇-၂၀၁၆) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)မှ (IOM)အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆရာအတတ် သင် သင်တန်းဖွင့်လှစ်မှုသတင်း

      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ (IOM) အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆရာအတတ်သင် သင်တန်းကို (၂၅-၇-၂၀၁၆) ရက်နေ့၊ (၉:ဝ၀) နာရီအချိန်တွင် စစ်တွေ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ထိုသင်တန်းတွင် လူမှုရေးဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်ဦးစီးမှူးမှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းသား ဦးရေ (၂၀) ဦးခန့် တက်ရောက် ခဲ့ပြီး သင်တန်းကို (၂၅-၇-၂၀၁၆) ရက်နေ့မှ (၂၉-၇-၂၀၁၆) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events