Author Archives: RRD

  • စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးမြို့နယ်ရေဘေးသင့်ပြည်သူများအတွက်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိခြင်း

                စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအချို့တွင်ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့်ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ပြီး (၂၄-၇-၂၀၁၆)နေ့မှ (၂၆-၇-၂၀၁၆)နေ့အထိ အိမ်ခြေ(၇၄၃)လုံး၊ အိမ်ထောင်စု(၇၄၈)စုမှ လူဦးရေစုစုပေါင်း (၃၇၄၀)ဦး အားကယ်ဆယ်ရေးစခန်း (၁၂)ခု ဖွင့်လှစ်ပြောင်းရွှေ့ခဲ့ရပါသည်။ အဆိုပါပြောင်းရွှေ့ပြည်သူများ လတ်တလောစားဝတ်နေရေး ပြေလည်စေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိရာ(၂၈-၇-၂၀၁၆)နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့သည်ဘေးသင့်ဒေသရှိ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ဆန်ရိက္ခာဖိုးငွေကျပ် (၃,၃၆၆,၀၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၅၀၀)အိမ်ထောင်စာထောက်ပံ့ပေးခဲ့ကြောင်းနှင့် ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်မှ ကျန်ရှိသည့် ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုများ … Read more

  • မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၅-၇-၂၀၁၆) ရက်နေ့မှ (၂၆-၇-၂၀၁၆)ရက်နေ့အထိ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)အုပ်စုရှိ ပြောင်းရွှေ့အိမ်ထောင်စု (၂၂၃)စု၊ လူဦးရေစုစုပေါင်း (၁၀၅၈)ဦး အတွက်ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၉၅၂၂ဝဝ)အား မြို့နယ်အုပ်ချုပ်ရေးမှူးထံပေးအပ်ခဲ့ပြီး နေအိမ်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော မော်လိုက်မြို့နယ်၊ တပ်ကုန်းကျေးရွာ အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၄)အိမ်ထောင်စာနှင့် ဆန်ရိက္ခာတန်ဖိုးငွေများကို (၂၈-၇-၂၀၁၆)ရက်နေ့နံနက်ပိုင်းတွင် ကိုယ်တိုင်သွားရောက် ထောက်ပံခဲ့ပါကြောင်းသတင်းရရှိပါသည်။

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ထောက်ပံ့မှုဆန်းစစ်လွှာအတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း

    (၂၉-၄-၂၀၁၆) ရက်နေ့မှ (၃၀-၄-၂၀၁၆)ရက်နေ့ထိ လေဘေးဖြစ်ပွားခဲ့သော လယ်ဝေးမြို့၊ ကျောက်တလုံးကျောင်းစုကျေးရွာအုပ်စုမှ ကနစို၊ ရွာမ၊ ရွာသစ်ကျေးရွာ၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ မဒေါ့ပင်ကျေးရွာမှ ရိုးအင်းကျေးရွာ၊ ကန်သာကျေးရွာ၊ ဥယျာဉ်စုကျေးရွာအုပ်စုမှ ဂုံးတောင်ကျေးရွာနှင့် တပ်ကုန်းမြို့၊ ညောင်လွန့်ကျေးရွာအုပ်စု သို့ (၂၆-၇-၂၀၁၆)ရက်နေ့နှင်း (၂၇-၇-၂၀၁၆) ရက်နေ့တို့တွင်ကယ်ဆယ်ရေးပစ္စည်းထောက်ပံ့မှု ဆန်းစစ်လွှာအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဦးစီးမှူးရုံးရှိတာ၀န်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

  • ရေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့ရေဘေးသင့် လူဦးရေ (၃၇၄၀) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၃၃၆၆၀၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး၊ ဟုမ္မလင်းမြို့ရေဘေးသင့်လူဦးရေ (၈၃၅) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၇၅၁၅၀၀)၊ မော်လိုက်မြို့ရေဘေးသင့် လူဦးရေ (၁၀၅၈) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၉၅၂၂၀၀)၊ ဖောင်းပြင်မြို့ရေဘေးသင့် လူဦးရေ (၇၀၃) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၆၃၂၇၀၀) နှင့်ထီးချိုင့်မြို့ရေဘေးသင့် လူဦးရေ (၁၁၆ဦး) အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ်( ၁၀၄၄၀၀)တို့အား(၂၈-၇-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း … Read more

  • ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု၊ ပြာစပ်ကျေးရွာလေဘေးထောက်ပံ့မှုသတင်း

    ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု၊ ပြာစပ်ကျေးရွာတွင် (၆-၇-၂၀၁၆)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ (၁၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ (၄)အိမ်ထောင်စု ၊ ဆန်ရိက္ခာ(၃)ရက်စာရန်ပုံငွေ(၁၅၃၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၈၀၀၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ(၉၅၃၀၀ိ/-)အား (၂၇-၇-၂၀၁၆)ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိ သူများမှ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသိရှိရပါသည်။

  • ရေစကြိုမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်ခြေကျေးရွာအုပ်စု၊ ဇလပ်နီကျေးရွာမှ အိမ်ခြေ(၃၄) လုံး၊ လူဦးရေ (၁၄၈) ဦးတို့သည် ချင်းတွင်းမြစ်ရေနှင့် ဧရာဝတီမြစ်ရေ တိုက်စားကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ကင်းသည့်နေရာအသစ် သို့ (၁၆-၇-၂၀၁၆) ရက်နေ့တွင် ကြိုတင်ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၃၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ဖိုးထောက်ပံ့ငွေ (၁၃၃,၂၀၀) ကျပ် တို့ကို (၂၇-၇-၂၀၁၆) ရက်နေ့တွင်  သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ) … Read more

Sign Up

Upcoming Events