Author Archives: RRD

  • တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားနေမှု အခြေအနေများနှင့် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ (၇-၈-၂၀၁၆) ရက်နေ့အထိ ထောက်ပံ့ပေးမှုအခြေအနေသတင်း

    ၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှစတင်ဖြစ်ပွားလျက်ရှိသောရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ပြည်သူများအား ဘေးလွတ်ကင်းရာ နေရာများသို့ ယာယီပြောင်းရွှေ့နေရာချထားပေးမှုများရှိခဲ့ရာ (၇-၈-၂၀၁၆) နေ့အထိ လူဦးရေ (၃၅၈၆၉၉) ဦးတို့ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါသည်။ သို့သော် ယခုအခါ အချို့နေရာများတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ ပြန်လည်ရွှေ့ပြောင်းလျက်ရှိကြပါသည်။ အချို့တိုင်း ဒေသကြီး/ပြည်နယ်များတွင် ဘေးလွတ်ကင်းရာသို့ ထပ်မံပြောင်းရွှေ့မှုများလည်းရှိနေပါသည်။ အဆိုပါရေဘေးဒဏ်ခံစားခဲ့ရသည့် ဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ (၇-၈-၂၀၁၆) နေ့တွင်  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစီးသည့်အဖွဲ့သည် ဧရာ၀တီတိုင်းဒေသကြီး၊ … Read more

  • ပြည်ခရိုင်အတွင်းရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      ပြည်မြို့နယ်၊ရွှေတောင်မြို့နယ်၊ပန်းတောင်းမြို့နယ်ရေဘေးသင့်ပြည်သူများအားကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ပြည်ခရိုင်ဦးစီးမှူးတို့သည်(၇-၈-၂၀၁၆)ရက်နေ့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ခရီးစဉ်တွင်ထောက်ပံ့မှုပေးအပ်ခဲ့ရာ ပြည်မြို့နယ် ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စု (၁၀၃၃) မှလူဦးရေ (၄၁၇၁)ဦးအတွက်ဆန်ရိက္ခာ(၁ဝ)ရက်စာ (၄၃၄)အိတ်ကျော် ၊ငါးသေတ္တာဘူး(၃၀၉၉) ဘူးတန်ဖိုး (၁၃၄၄၂၇ဝဝ)ကျပ်၊ ရွှေတောင်မြို့နယ် ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စု( ၂၀၈၇) မှလူဦးရေ (၇၇၇၂ )ဦးအတွက် ဆန်အိတ်(၈၀၉)အိတ်ကျော်၊ ငါးသေတ္တာဘူး (၆၂၆၁)ဘူးတန်ဖိုး (၂၅၁၉၄၃ဝဝ)ကျပ်၊ ပန်းတောင်းမြို့နယ် ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စု (၂၈၀၄) မှလူဦးရေ (၁၀၂၅၃)ဦးအတွက် ဆန် အိတ်(၁၀၆၈)အိတ် ၊ ငါးသေတ္တာဘူး (၈၄၁၂)ဘူးတန််ဖိုးငွေ (၃၃၂၈၂၆ဝဝ)ကျပ် ၊စုစုပေါင်း ပြည်ခရိုင်ရေဘေးအတွက်(၇၁၉၁၉၆ဝဝ)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

  • ပဲခူးတိုင်းဒေသကြီး၊ဒိုက်ဦးမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအားထောက်ပံ့မှု သတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးချောင်း ရေလျှံမှု ကြောင့် ရေဘေးသင့်ခဲ့သော အိမ်ထောင်စုများ မှလူဦးရေ (၁၂၀) ဦး အတွက် ထောက်ပံ့မှုများ ပြုလုပ်ခဲ့ရာဆန်ရိက္ခာ (၁၀)ရက်စာ နှင့် ငါးသေတ္တာ တစ်အိမ်ထောင် လျှင်(၃)ဗူးနှုန်းဖြင့် (၂၉) အိမ်ထောင်စာ အတွက် (၇-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ ထပ်မံ၍ ထပ်တိုး အိမ်ထောင်စု (၁၄၈)စု အတွက် အချိန်မီထောက်ပံ့နိုင်ရန် စီစဉ်လျှက်ရှိကြောင်း သိရှိရပါသည်။

  • ရန်ကုန်တိုင်းဒေသကြီး၊ အဖျောက်မြို့တွင် ရေဘေးထောက်ပံ့မှုသတင်း

    ရန်ကုန်တိုင်းဒေသကြီး၊ အဖျောက်မြို့တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ယာယီ ပြောင်းရွှေ့ ထားသည့် ပြည်သူများအား ကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စုအလိုက် ြဖန့်ခွဲထားရှိလျက် ရှိပါသည်။ အင်းဝကျောင်းတိုက်တွင် ရေပေါ်သောင်အုပ်စု၊ အလယ်ကင်းရွာမှ အိမ်ထောင်စု (၅၁) လူဦးရေ (၁၇၈) ဦး၊ ပခန်းကြီးကျောင်းတိုက်တွင် အလယ်သင်းရွာမှ အိမ်ထောင်စု (၄၇) ၊ လူဦးရေ (၁၂၄) ဦး၊  မြို့ဦးရိပ်သာကျောင်းတိုက်တွင် ရေပြန်ကြီးရွာ၊ ချောင်းကြီးရွာ၊ ရေလဲရွာမှ အိမ်ထောင်စု (၈၅)၊ လူဦးရေ (၂၂၉) ဦး၊ ငါးလာချောင်း ကျောင်းနှင့်ဓမ္မာရုံတွင် ငါးလာချောင်းကျေးရွာအုပ်စုမှ အိမ်ထောင်စု … Read more

  • သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် မင်းလှမြို့နယ်အတွင်း (၁-၈-၂၀၁၆)ရက်နေ့မှ (၅-၈-၂၀၁၆)ရက်နေ့အထိရေဘေးကြောင့်ပြောင်းရွှေ့အိမ်ထောင်စု (၁၀၃၇)စုမှ လူဦးရေ (၄၁၀၁)ဦးတို့အတွက် ဆန်ဖိုးငွေ ၃ ရက်စာ (၃,၆၉၀,၉၀၀)ကျပ်နှင့် ငါးသေတ္တာဘူးတန်ဖိုးငွေ (၉၃၃၃၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၄,၆၂၄,၂၀၀)အား (၆-၈-၂၀၁၆)ရက်နေ့တွင် မင်းလှမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

  • ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်စမ်းအောက်ရုံ၊ အလက်ချောင်းရပ်ကွက်၊ အလက်ချောင်းအပိုင်တွင် (၆-၈-၂၀၁၆)နေ့ (၁၂:၃၀)နာရီတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၉)လုံးအတွက်ထောက်ပံ့ငွေကျပ် (၁၈၀,၀၀၀)၊ လူဦးရေ (၃၆)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာဖိုးငွေကျပ် (၃၂၄၀၀)၊ စုစုပေါ်င်းတန်ဖိုးငွေကျပ်(၂၁၂,၄၀၀)နှင့် အိမ်ထောင်စု (၁၀)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးအား (၆-၈-၂၀၁၆)နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events