ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ ပုလင်းကျေးရွာ၊ သူကောင်းတည်ကျေးရွာနှင့် အထက်ညည့်ကျေးရွာများရှိ ရေဝင်ပြောင်းရွှေ့ အိမ်ထောင်စု (၉၁) စု၊ လူဦးရေ (၃၉၀) ဦးအတွက် ခေါက်ဆွဲခြောက် (၇၈၀) ထုပ်၊ ငါးသေတ္တာ(၂၇၃) ဘူးနှင့် ဆန်ရိက္ခာဖိုးငွေကျပ် (၂၂၄,၁၀၀) အား (၇-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး