ရန်ကုန်တိုင်းဒေသကြီး၊ အဖျောက်မြို့တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ယာယီ ပြောင်းရွှေ့ ထားသည့် ပြည်သူများအား ကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စုအလိုက် ြဖန့်ခွဲထားရှိလျက် ရှိပါသည်။ အင်းဝကျောင်းတိုက်တွင် ရေပေါ်သောင်အုပ်စု၊ အလယ်ကင်းရွာမှ အိမ်ထောင်စု (၅၁) လူဦးရေ (၁၇၈) ဦး၊ ပခန်းကြီးကျောင်းတိုက်တွင် အလယ်သင်းရွာမှ အိမ်ထောင်စု (၄၇) ၊ လူဦးရေ (၁၂၄) ဦး၊ မြို့ဦးရိပ်သာကျောင်းတိုက်တွင် ရေပြန်ကြီးရွာ၊ ချောင်းကြီးရွာ၊ ရေလဲရွာမှ အိမ်ထောင်စု (၈၅)၊ လူဦးရေ (၂၂၉) ဦး၊ ငါးလာချောင်း ကျောင်းနှင့်ဓမ္မာရုံတွင် ငါးလာချောင်းကျေးရွာအုပ်စုမှ အိမ်ထောင်စု (၄၂) ၊ လူဦးရေ (၂၀၇) ဦး၊ ပန်းတုန်းပိတ်ဘုန်းတော်ကြီးကျောင်းတွင် ပန်းတုန်းပိတ်ရွာ မှ အိမ်ထောင်စု (၃၄)၊ လူဦးရေ (၁၃၅) ဦးနှင့် ချမ်းမြေ့ရိပ်သာကျောင်းတွင် မအူကုန်းရွာ၊ ရေပြန်ရွာများမှ အိမ်ထောင်စု (၄၂) ၊ လူဦးရေ (၁၂၁) ဦး၊ (၇-၈-၂၀၁၆) ရက်နေ့အထိ စုစုပေါင်းအိမ်ထောင်စု (၃၀၁)စု၊ လူဦးရေစုစုပေါင်း (၉၉၄) ဦးတို့အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများသည် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စု (၃၀၁)စုစာ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး ၊ လူဦးရေ (၉၉၄) ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာတန်ဖိုးငွေကျပ် (၈၉၄၆၀၀) နှင့် ခေါက်ဆွဲခြောက် ဖာ(၆၀)၊ စားဆီ (၃)ဖာတို့အား (၇-၈-၂၀၁၆)ရက်နေ့တွင် ရေဘေးသင့်ပြည်သူများ၏ လက်ဝယ် အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။