ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာ၀န်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်စမ်းအောက်ရုံ၊ အလက်ချောင်းရပ်ကွက်၊ အလက်ချောင်းအပိုင်တွင် (၆-၈-၂၀၁၆)နေ့ (၁၂:၃၀)နာရီတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၉)လုံးအတွက်ထောက်ပံ့ငွေကျပ် (၁၈၀,၀၀၀)၊ လူဦးရေ (၃၆)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာဖိုးငွေကျပ် (၃၂၄၀၀)၊ စုစုပေါ်င်းတန်ဖိုးငွေကျပ်(၂၁၂,၄၀၀)နှင့် အိမ်ထောင်စု (၁၀)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးအား (၆-၈-၂၀၁၆)နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။