Author Archives: RRD

  • ကျောက်မဲခရိုင်၊ကျောက်မဲမြို့နယ်၊ဟူးဆွန်ကျေးရွာအုပ်စု၊ဟူးဆွန်ကျေးရွာ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ကျောက်မဲခရိုင်၊ကျောက်မဲမြို့နယ်၊ဟူးဆွန်ကျေးရွာအုပ်စု၊ဟူးဆွန်ကျေးရွာ၌ (၂၀. ၈. ၂၀၁၆)ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၃)အိမ်၊အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၁)ဦးဘေးသင့်ခဲ့ပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစ္စည်း(၉)မျိုး(၃)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ(၂၃၁ဝဝ)ကျပ်၊အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်ထောင်လျှင်(၁ဝဝဝဝဝ)ကျပ်နှုန်းဖြင့်(၃)အိမ်ထောင်စာ (၃ဝဝဝဝဝ)ကျပ်နှင့် သေဆုံးသူ(၂)ဦးအတွက်ထောက်ပံ့ငွေ(၂ဝဝဝဝဝ)ကျပ် စုစုပေါင်းငွေ(၅၂၃၁ဝဝ)ကျပ်အား (၂၀. ၈. ၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • ညောင်ဦးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၁၉-၈-၂၀၁၆) ရက်နေ့တွင် ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မူကြောင့် တောင်ဘီကျေးရွာအုပ်စု၊ ဆယ်လံကျေးရွာမှ မျောပါ ပျက်စီးအိမ် (၅) အိမ်အတွက် (၁) အိမ်လျှင်(၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၂၅၀,၀၀၀/-) ကျပ် ၊ ဖျက်သိမ်းအိမ် (၂၃၀) အိမ်အတွက် (၁) အိမ်လျှင် (၂၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၄၆၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄,၈၅၀,၀၀၀/-) ကျပ်ကိုလည်းကောင်း၊ မြင်းကပါကျေးရွာမှ သစ်ပင်ပိ၍ ပျက်စီးခဲ့သည့် အိမ် (၂) လုံးအတွက် (၁) အိမ်လျှင် … Read more

  • မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာတွင် (၁၈-၈-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံးပြိုကျပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀)ကျပ် ၊ ဆန် (၃) ရက်စာ (၂၇၀၀)ကျပ်၊ စုစုပေါင်း (၅၂၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာအား (၁၉-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး

  • ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (World Food Programme -WFP) မှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုများ ဆောင်ရွက်ခြင်း

    ၁။        လတ်တလောရေကြီးရာဒေသများရှိ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှလည်း ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပန်းတနော်၊ ငါးသိုင်းချောင်း၊ အသုတ်၊ သာပေါင်းမြို့နယ်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ချောက်၊ ရေနံချောင်း၊ ပွင့်ဖြူ၊ စလင်း ပခုက္ကူမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းရှိ မိုးညိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြားမြို့နယ်များတွင် စားနပ်ရိက္ခာ လိုအပ်ချက်အရ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စွမ်းအားပြည့် ဘီစကစ်တို့အား (၂)ပတ်စာ ထောက်ပံ့မှုဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ ၂။         ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ … Read more

Sign Up

Upcoming Events