ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (World Food Programme -WFP) မှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုများ ဆောင်ရွက်ခြင်း

၁။        လတ်တလောရေကြီးရာဒေသများရှိ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှလည်း ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပန်းတနော်၊ ငါးသိုင်းချောင်း၊ အသုတ်၊ သာပေါင်းမြို့နယ်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ချောက်၊ ရေနံချောင်း၊ ပွင့်ဖြူ၊ စလင်း ပခုက္ကူမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းရှိ မိုးညိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြားမြို့နယ်များတွင် စားနပ်ရိက္ခာ လိုအပ်ချက်အရ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စွမ်းအားပြည့် ဘီစကစ်တို့အား (၂)ပတ်စာ ထောက်ပံ့မှုဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

၂။         ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကန်ကြီးထောင့်နှင့် ပုသိမ်မြို့နယ်များတွင် ထောက်ပံ့ငွေ ပေးအပ်နိုင် ရန်နှင့် သာပေါင်းမြို့နယ်တွင် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စွမ်းအားပြည့်ဘီစကစ်တို့အား ထောက်ပံ့ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events