တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ရေဘေးဖြစ်ပွားနေမှုအခြေအနေများနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ (၁၉-၈-၂၀၁၆) ရက်နေ့အထိ ထောက်ပံ့ပေးမှုအခြေအနေသတင်း

8 7 5 4 3 2 1၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၁) ခုတွင် ပြည်သူများအား ဘေးလွတ်ကင်းရာနေရာများသို့ ယာယီ ပြောင်းရွှေ့နေရာချထားပေးမှုများရှိခဲ့ရာ (၁၉-၈-၂၀၁၆) နေ့အထိ အိမ်ထောင်စု (၁) သိန်း (၁) သောင်းကျော်မှ လူဦးရေ (၄) သိန်း (၇) သောင်းကျော်ကို ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ နေရာချထားပေးခဲ့ရပါသည်။ လူ (၈) ဦးသေဆုံးခဲ့ပါသည်။ သို့သော် ယခုအခါ အချို့နေရာများ တွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မူလနေရာများသို့ပြန်လည်ရွှေ့ပြောင်းလျက်ရှိရာ

  • မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့တွင် ရေများကျဆင်းသွားပြီဖြစ်ပြီး ကယ်ဆယ်ရေးစခန်းများမရှိတော့ပါ။
  • မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ် (၁၂) မြို့နယ် ရေဘေးဒဏ်ခံစားခဲ့ရပြီး ယခု အခါ ရေများပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ မြို့နယ် (၉) မြို့နယ် တွင် ကယ်ဆယ်ရေးစခန်းများမရှိတော့ပါ။
  • မကွေးတိုင်းဒေသကြီးတွင် မြို့နယ် (၁၄) မြို့နယ် ရေဘေးဒဏ်ခံစားခဲ့ရပြီး ယခု အခါရေများပြန်လည်ကျဆင်းလျက်ရှိကြောင်းသိရှိရပါသည်။ မြို့နယ် (၁၀) မြို့နယ် တွင် ကယ်ဆယ်ရေးစခန်းများမရှိတော့ပါ။
  • ဧရာ၀တီတိုင်းဒေသကြီးတွင် မြို့နယ် (၁၆) မြို့နယ် ရေဘေးဒဏ်ခံစားရ လျက်ရှိပြီးကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ဆဲဖြစ်ကြောင်းသိရပါသည်။
  • ရန်ကုန်တိုင်းဒေသကြီးတွင်မြို့နယ် (၅) မြို့နယ် ရေဘေးဒဏ်ခံစားရ လျက်ရှိပြီး ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ဆဲဖြစ်ကြောင်းသိရပါသည်။
  • ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်တွင် ရေဘေးဒဏ်ခံစားခဲ့ရပြီး ကယ်ဆယ်ရေး စခန်း (၁) ခု ဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။
  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ချောင်းရေကြီးမှုကြောင့် နေအိမ် (၂၆) လုံး ရေမျောပါပျက်စီးခဲ့ရကြောင်းသိရှိရပါသည်။
  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ရေဘေးဒဏ် ခံစားခဲ့ရပြီး ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း (၃) ခု ဖွင့်လှစ် ထားကြောင်း၊ မြဝတီမြို့နယ်တွင် ကယ်ဆယ်ရေးစခန်းများ မရှိတော့ကြောင်း သိရှိရပါသည်။

အဆိုပါရေဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ (၁၅-၇-၂၀၁၆) မှ (၁၉-၈-၂၀၁၆) ရက်နေ့အထိ ဆန်၊ ခေါက်ဆွဲ၊ ရေသန့်၊ ငါးသေတ္တာ၊ ရေသန့် ဆေးပြား၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာစ၊ ရေမျောပါပျက်စီးသည့်အိမ်များအတွက် ထောက်ပံ့မှု၊သေဆုံးသူထောက်ပံ့မှုများအတွက်စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း (၇၁၀၀) ကျော်ထောက် ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events