မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာတွင် (၁၈-၈-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံးပြိုကျပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀)ကျပ် ၊ ဆန် (၃) ရက်စာ (၂၇၀၀)ကျပ်၊ စုစုပေါင်း (၅၂၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာအား (၁၉-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: သထုံခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events