ညောင်ဦးမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

(၁၉-၈-၂၀၁၆) ရက်နေ့တွင် ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မူကြောင့် တောင်ဘီကျေးရွာအုပ်စု၊ ဆယ်လံကျေးရွာမှ မျောပါ ပျက်စီးအိမ် (၅) အိမ်အတွက် (၁) အိမ်လျှင်(၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၂၅၀,၀၀၀/-) ကျပ် ၊ ဖျက်သိမ်းအိမ် (၂၃၀) အိမ်အတွက် (၁) အိမ်လျှင် (၂၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၄၆၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄,၈၅၀,၀၀၀/-) ကျပ်ကိုလည်းကောင်း၊ မြင်းကပါကျေးရွာမှ သစ်ပင်ပိ၍ ပျက်စီးခဲ့သည့် အိမ် (၂) လုံးအတွက် (၁) အိမ်လျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀/-) ကျပ်ကိုလည်းကောင်း ရေဘေးရှောင်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events