Author Archives: RRD
-
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကော်ဇယာကျေးရွာအုပ်စု၊ ကျောက်ပိတ်ကျေးရွာတွင် လေဘေးသင့်သေဆုံးသူများအတွက် ထောက်ပံ့ပြီးစီးမှု
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကော်ဇယာကျေးရွာအုပ်စု၊ ကျောက်ပိတ်ကျေးရွာတွင် (၂၇-၈-၂၀၁၆ ) ရက်နေ့၌ ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် သေဆုံးသူ (၂)ဦးအတွက် နာရေးထောက်ပံ့ငွေ တစ်ဦးလျှင် (၁၀၀,၀၀၀/-)ကျပ်တိတိဖြင့် ငွေ (၂၀၀,၀၀၀/-) ကျပ်တိတိအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၂၈-၉-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ တောင်ကြီးမြို့တွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်း
(၂၈-၉-၂၀၁၆)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ တောင်ကြီးမြို့တွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပရာ ဆရာ/မနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ပြီး နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ တက်ရောက်လာသူများအား အသိပညာပေးဗွီဒီယိုဖြင့် ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲမြို့နယ်၊ ပုံးလုံကျေးရွာအုပ်စု၊ မန်ပေါက်ကျေးရွာ မီးဘေးအတွက် သွားရောက်ထောက်ပံ့မှုဆောင်ရွက်ပြီးစီးခြင်း
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပုံးလုံကျေးရွာအုပ်စု၊ မန်ပေါက်ကျေးရွာ၌ (၂၆.၉.၂၀၁၆)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးတွင် ဘာသာရေးအဆောက်အဦ(၁)လုံး မီးလောင်ပျက်စီးခဲ့ရာ ဘာသာရေးအဆောက်အဦ (၁)လုံး အတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်နှင့် သေဆုံးသူ သီလရှင်(၁)ပါးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ် စုစုပေါင်း ငွေ (၃၀၀,၀၀၀/-)ကျပ်အား (၂၇.၉.၂၀၁၆)ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး၊ တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လယ်ဝေးမြို့၊ ဥသျှစ်လှိုင်းကျေးရွာအုပ်စု၊ ပေပင်ကျေးရွာ ရေဘေးအတွက် ထောက်ပံ့ပြီးစီးခြင်း
လယ်ဝေးမြို့၊ ဥသျှစ်လှိုင်းကျေးရွာအုပ်စု၊ ပေပင်ကျေးရွာတွင် (၂၆.၉.၂၀၁၆)ရက်နေ့ ဖြစ်ပွားခဲ့သော ရေဘေးတွင် ရေဘေးသင့် အိမ်ထောင်စု(၇၉)စု၊ လူဦးရေ (၃၆၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ ရေသန့်ဆေးများအား (၂၇.၉.၂၀၁၆)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊ တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံး (ကဆရ)
-
မြန်မာနိုင်ငံရှိမသန်စွမ်းကလေးများ၏ အခြေအနေဆန်းစစ်လေ့လာမှုအစီရင်ခံစာ မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပခြင်း
(၂၇.၉.၂၀၁၆)ရက်နေ့တွင် မြန်မာနိုင်ငံရှိမသန်စွမ်းကလေးများ၏ အခြေအနေဆန်းစစ်လေ့လာမှုအစီရင်ခံစာ မိတ်ဆက်ဖြန့်ဝေခြင်းအခမ်းအနားကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ လူမှု၀န်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၊ အထူးသဖြင့် အန္တရာယ်အလွယ်တကူရရှိခံစားရလွယ်သော ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်ပြုစုစောင့်ရှောက်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုအဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့စေရေးတို့ကို လူမှုဝန်ထမ်းနည်းပညာများ၊ လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် အခြားသက်ဆိုင်ရာနယ်ပယ်အလိုက် သတ်မှတ်ထားရှိသည့် … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သင်္ဃန်းကြီးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား မုန်တိုင်းသဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ Actionaid ၊ UNHABITAT ၊ Save the childern တို့နှင့်ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သင်္ဃန်းကြီးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား မုန်တိုင်းအန္တရာယ်ကြုံတွေ့လာပါက မိုးလေဝသထုတ်ပြန်ချက်များအပေါ် မူတည်၍ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်တတ်စေရန်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် လူ့အသက်အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် ရည်ရွယ်ပြီး ကျေးရွာများတွင် အဆင့်ဆင့် ကြိုတင်သတိပေးနှိုးဆော်ခြင်း၊ အရေးကြီးစာရွက်စာတမ်းများနှင့် ပစ္စည်းများ စနစ်တကျ သိမ်းဆည်းခြင်း၊ ပြည်သူများနှင့် တိရိစ္ဆာန်များ ဘေးလွတ်ရာသို့ … Read more
-
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး စစ်တွေမြို့တွင်း လှည့်လည်ကြည့်ရှုမှုသတင်း
Source: MSWRR ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနက်ပိုင်းတွင် မင်းဂံရပ်ကွက်သစ်သို့ ရောက်ရှိပြီး ပြည်သူများ၏ နေအိမ်များတွင် ထောက်ပံ့ထားရှိသောမီတာဘောက်များတပ်ဆင်ထားရှိမှုနှင့် လျှပ်စစ် မီးရရှိမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကယ်ဆယ်ရေးဂိုဒေါင်သို့ ရောက်ရှိပြီး စက်တပ်လှေများ၊ ကယ်ဆယ်ရေးပစ္စည်းများထိန်းသိမ်းသိုလှောင် ထားရှိမှုအခြေအနေများကို ကြည့်ရှု ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ရေသန့်စက် (၁) လုံးကိုပေးအပ်ထောက်ပံ့ရာ ပြည်နယ်ဝန်ကြီးချုပ်က … Read more
-
လူမှု၀န်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး လူမှုကာကွယ်စောင့်ရှောက်မှုလိုအပ်သော မိန်းခလေးငယ်နှစ်ဦးကို ကြည့်ရှု ထောက်ပံ့ခြင်းနှင့် ရခိုင်ပြည်နယ်ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၃ / ၂၀၁၆) သို့ တက်ရောက်မှုသတင်း
Source: MSWRR လူမှု၀န်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး လူမှုကာကွယ်စောင့်ရှောက်မှုလိုအပ်သော မိန်းခလေးငယ်နှစ်ဦးကို ကြည့်ရှု ထောက်ပံ့ခြင်းနှင့် ရခိုင်ပြည်နယ်ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၃ / ၂၀၁၆) သို့ တက်ရောက်မှုသတင်း လူမှု၀န်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် ၂၀၁၆ ခုနှစ် ၊ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆေးကုသမှုခံယူလျှက်ရှိသော လူမှုကာကွယ်စောင့် ရှောက်မှုလိုအပ်သည့် … Read more
-
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီမှ ဦးဆောင်၍ လာနီညာ အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ပြီးခဲ့သည့်ဘေးများကို ပြန်လည်သုံးသပ်ခြင်း အစည်းအေ၀းကျင်းပမှု သတင်း
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီမှဦးဆောင်၍ လာနီညာအတွက် ကြိုတင်ပြင်ဆင်မှုနှင့် ပြီးခဲ့သည့်ဘေးများကိုပြန်လည်သုံးသပ်ခြင်း အစည်းအေ၀း ကိုယနေ့ (၂၃-၉-၂၀၁၆) နံနက်ပိုင်းတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာန၊ စုပေါင်းအစည်းအေ၀း ခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက အဖွင့် အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွား လွယ်သည့် နိုင်ငံ များထဲတွင် ပါဝင်နေပါကြောင်း၊ ကမ္ဘာတွင်ကြည့်လျှင်လည်း ရာသီဥတုပြောင်းလဲမှု၏ သက်ရောက် မှုများကြောင့် သဘာ၀ဘေးအန္တရာယ်များ … Read more
