ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သင်္ဃန်းကြီးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား မုန်တိုင်းသဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း

3 picture3

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ Actionaid ၊  UNHABITAT ၊ Save the childern တို့နှင့်ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သင်္ဃန်းကြီးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား မုန်တိုင်းအန္တရာယ်ကြုံတွေ့လာပါက မိုးလေဝသထုတ်ပြန်ချက်များအပေါ် မူတည်၍ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်တတ်စေရန်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် လူ့အသက်အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် ရည်ရွယ်ပြီး ကျေးရွာများတွင် အဆင့်ဆင့် ကြိုတင်သတိပေးနှိုးဆော်ခြင်း၊ အရေးကြီးစာရွက်စာတမ်းများနှင့် ပစ္စည်းများ စနစ်တကျ သိမ်းဆည်းခြင်း၊ ပြည်သူများနှင့် တိရိစ္ဆာန်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခြင်း၊ လူဦးရေစာရင်းကောက်ယူခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ထိခိုက်ဒဏ်ရာရသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သောက်သုံးရေနှင့် ရိက္ခာအစားအစာများ ထောက်ပံ့ခြင်းအစရှိသည့် မုန်တိုင်းသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ရာ အဆိုပါ လေ့ကျင့်ခန်းသို့ သင်္ဃန်းကြီးကျေးရွာအုပ်စုရှိ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာပြည်သူ (၅၉၅)ဦးခန့်တို့ ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source :  လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events