မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကော်ဇယာကျေးရွာအုပ်စု၊ ကျောက်ပိတ်ကျေးရွာတွင် (၂၇-၈-၂၀၁၆ ) ရက်နေ့၌ ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် သေဆုံးသူ (၂)ဦးအတွက် နာရေးထောက်ပံ့ငွေ တစ်ဦးလျှင် (၁၀၀,၀၀၀/-)ကျပ်တိတိဖြင့် ငွေ (၂၀၀,၀၀၀/-) ကျပ်တိတိအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၂၈-၉-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source : မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)