လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး စစ်တွေမြို့တွင်း လှည့်လည်ကြည့်ရှုမှုသတင်း

Source:   MSWRR

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနက်ပိုင်းတွင် မင်းဂံရပ်ကွက်သစ်သို့ ရောက်ရှိပြီး ပြည်သူများ၏ နေအိမ်များတွင် ထောက်ပံ့ထားရှိသောမီတာဘောက်များတပ်ဆင်ထားရှိမှုနှင့် လျှပ်စစ် မီးရရှိမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကယ်ဆယ်ရေးဂိုဒေါင်သို့ ရောက်ရှိပြီး စက်တပ်လှေများ၊ ကယ်ဆယ်ရေးပစ္စည်းများထိန်းသိမ်းသိုလှောင် ထားရှိမှုအခြေအနေများကို ကြည့်ရှု ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ရေသန့်စက် (၁) လုံးကိုပေးအပ်ထောက်ပံ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပါသည်။

Sign Up

Upcoming Events