အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီမှ ဦးဆောင်၍ လာနီညာ အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ပြီးခဲ့သည့်ဘေးများကို ပြန်လည်သုံးသပ်ခြင်း အစည်းအ‌ေ၀းကျင်းပမှု သတင်း

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီမှဦးဆောင်၍ လာနီညာအတွက် ကြိုတင်ပြင်ဆင်မှုနှင့် ပြီးခဲ့သည့်ဘေးများကိုပြန်လည်သုံးသပ်ခြင်း အစည်းအ‌ေ၀း ကိုယနေ့ (၂၃-၉-၂၀၁၆) နံနက်ပိုင်းတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာန၊ စုပေါင်းအစည်းအ‌ေ၀း ခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက အဖွင့် အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွား လွယ်သည့် နိုင်ငံ များထဲတွင် ပါဝင်နေပါကြောင်း၊ ကမ္ဘာတွင်ကြည့်လျှင်လည်း ရာသီဥတုပြောင်းလဲမှု၏ သက်ရောက် မှုများကြောင့် သဘာ၀ဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလျက်ရှိသည်ကိုတွေ့ရပါကြောင်း၊ မိမိတို့ အနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှု၊ ကြိုတင်ပြင်ဆင်မှုများ ထိထိရောက်ရောက်ဖြစ်အောင်ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ဝန်ထမ်း များအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်မှုကို တာဝန်ယူဆောင်ရွက်နေကြ သူများဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ သဘာဝဘေးအန္တရာယ်များ ကြောင့် အဟန့်အတား၊ အနှောက်အယှက်များ ဖြစ်စေပါကြောင်း၊ မိမိတို့အနေဖြင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုကဲ့သို့ ထိထိရောက် ရောက်‌ေဆာင်ရွက်နိုင်ရန် လည်းနိုင်ငံတော်အဆင့်တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုကော်မတီ၊ လုပ်ငန်းကော်မတီ(၁၂)ခု၊ တိုင်း‌ေဒသကြီး /ပြည်နယ်အဆင့်တွင် တိုင်း‌ေဒသကြီး/ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ခရိုင်၊ မြို့နယ်၊ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များကိုလည်း ဖွဲ့စည်းထားပါကြောင်း၊ မိမိတို့အနေဖြင့် ပြီးခဲ့သည့်ဘေးများ ကိုပြန်လည်သုံးသပ်ကြရန်နှင့် လာမည့် ဘေးအန္တရာယ်များ အတွက် ကြိုတင်ပြင််ဆင်မှုများ ဆောင်ရွက်ကြရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ရာတွင် သဘာဝဘေးဒဏ်ခုခံနိုင်စွမ်းရှိနေမှု အခြေအနေပေါ်မူတည်၍ ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကွာခြားနိုင်သဖြင့် ခုခံနိုင် စွမ်းမြင့်မားနေ ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဘေးဖြစ်လာသည့်အခါ အလျင်အမြန်တုံ့ပြန်နိုင်ရေး ကြိုတင် ပြင်ဆင်ထားရန်လိုကြောင်း၊ ဘေးမဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီး လုပ်ငန်းများအားလုံးကို ပူးပေါင်းဆောင် ရွက်ကြရန်လိုကြောင်း၊ ယခုလာနီညာရာသီဥတုဖြစ်စဥ်နှင့်ပတ်သက်၍လည်း သက်ရောက်မှု ဖြစ်နိုင် သည့်အန္တရာယ်များ၊ ထိုအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကိုဆွေးနွေး ဖော်ထုတ် ကြပြီးထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လာနီညာနှင့်ဆက်စပ်ပြီးဖြစ်လာနိုင်သော ဘေးအန္တရာယ်များအတွက်သာမက ရာသီကာလအရ သော်လည်းကောင်း၊ ဒေသအလိုက်သော်လည်းကောင်း ဖြစ်ပွားလာနိုင်သည့်ဘေးအန္တရာယ်များ အတွက်ပါ ကြိုတင်ပြင်ဆင်စီမံမှုများကိုဆောင်ရွက်ထားဖို့ လိုအပ်ပါကြောင်းနှင့် ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လုပ်ငန်းကော်မတီများအားလုံးမှ ပူးပေါင်းပါ၀င် ဆောင်ရွက်ပေး ကြရန်နှင့် ပြည်သူများအားလုံးပါဝင်လာအောင်လည်း စည်းရုံးဆောင်ရွက်စေလို ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါ သည်။

ဆက်လက်၍ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိဏ်းကယခင်ဖြစ်ပွားခဲ့သည့် သဘာ၀ဘေးများနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ဆွေးနွေးခြင်း၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဟန်ဆွေ ကလာနီညာ ရာသီဥတုနှင့်ပတ်သက်၍ ဖြစ်ပေါ်နိုင်သည့်အခြေအနေများအားရှင်းလင်းဆွေးနွေးခြင်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်နီလာထွန်းကလာနီညာရာသီဥတု ဖြစ်စဥ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့်အစီအစဥ်များအားရှင်းလင်းတင်ပြခြင်း များကို ဆောင်ရွက်ခဲ့ကြပြီးတက်ရောက်လာသူများမှ လာနီညာရာသီဥတုဖြစ်စဥ်နှင့်ပတ်သက်၍ ဖြစ်ပေါ်နိုင် သည့်အခြေအနေများ၊ ကြိုတင်ပြင်ဆင်ထားသည့်အခြေအနေများကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြ ပါသည်။

ယနေ့အစည်းအ‌ေ၀းကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မ တီကဦးဆောင်၍ကျင်းပခဲ့ပြီး သက်ဆိုင်ရာ၀န်ကြီးဌာနများ၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်း ကော်မတီ(၁၂)ခု၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တာ၀န်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ကြကြောင်း နှင့် လာမည့်လာနီညာရာသီဥတုဖြစ်စဥ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက် ထားရန်နှင့် လာမည့်ကာလများအတွင်းဖြစ်ပေါ်လာနိုင်သည့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍လည်း ကဏ္ဍ အလိုက်၊ ဒေသအလိုက် ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက် ထားနိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ပါ သည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည််ဝန်ကြီီးရုံး၊မေခလာခန်းမ၌ ယူနိုက်တက် ကင်းဒမ်း၊ Department for International Development (DFID) ၏ Senior Governance Advisor ဖြစ်သူ Mr. Ben Powis ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ၍ ြမန်မာနိုင်ငံ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူုဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆက်စပ်ဝန်ကြီးဌာန များနှင့်ပူးပေါင်းဆောင်ရွက် နေမှုအ ခြေအနေများ၊ (DFID)မှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဝန်ကြီးဌာန၏ ရက် (၁၈၀) စီမံကိန်းတွင် ဆောင်ရွက်မည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လိုအပ်သော ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများနှင့်စပ်လျဥ်း၍ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရ   ရှိပါသည်။

Sign Up

Upcoming Events