မြန်မာနိုင်ငံရှိမသန်စွမ်းကလေးများ၏ အခြေအနေဆန်းစစ်လေ့လာမှုအစီရင်ခံစာ မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပခြင်း

6

(၂၇.၉.၂၀၁၆)ရက်နေ့တွင် မြန်မာနိုင်ငံရှိမသန်စွမ်းကလေးများ၏ အခြေအနေဆန်းစစ်လေ့လာမှုအစီရင်ခံစာ မိတ်ဆက်ဖြန့်ဝေခြင်းအခမ်းအနားကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ လူမှု၀န်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၊ အထူးသဖြင့် အန္တရာယ်အလွယ်တကူရရှိခံစားရလွယ်သော ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်ပြုစုစောင့်ရှောက်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုအဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့စေရေးတို့ကို လူမှုဝန်ထမ်းနည်းပညာများ၊ လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် အခြားသက်ဆိုင်ရာနယ်ပယ်အလိုက် သတ်မှတ်ထားရှိသည့် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ် ရေးထိုးထားသည့်ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းများနှင့် ပတ်သက်သည့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကိုလည်း အဓိက ဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကလေးသူငယ်ဦးရေ ၁၇.၂ % ခန့်ရှိပြီး၊ ၎င်းအနက်  ၁.၃၅% သည် မသန်စွမ်းကလေးများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းအား  ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအား ၂၀၁၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ပြဌာန်းထားပြီ ဖြစ်ပါကြောင်း၊ နည်းဥပဒေအား မူကြမ်းရေးဆွဲခြင်းနှင့် အမျိုးသား ကော်မတီကိုဖွဲ့စည်းနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်များအရ မသန်စွမ်းကလေးများ အပါအဝင် မသန်စွမ်းသူများ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ(၂၀၁၆-၂၀၂၅)အား ရေးဆွဲချမှတ်နိုင်ခဲ့သည့်အပြင် အထူးလိုအပ်ချက်ရှိသော ကလေးများပြုစုလေ့ကျင့်မှု အခြေခံသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ခဲ့ကြောင်း၊ မသန်စွမ်းကလေးများ အပါအဝင် ကလေးသူငယ်အားလုံးအတွက် ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှုတိုင်းတာစစ်ဆေးပံ့ပိုးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းစနစ်ပေါ်ပေါက်လာစေရန် လူမှုဝန်ထမ်းဦးစီးဌာနသည် နည်းပညာပိုင်းဆိုင်ရာနှင့် ငွေကြေးပိုင်းဆိုင်ရာတို့ကို လုံလောက်စွာ ပံ့ပိုးပေးခဲ့ကြသည့် ယူနီဆက်ဖ်(မြန်မာ)နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံ ဆိုင်ရာ အရည်အသွေး မြင့်မားသော အခြေခံပညာရေးအစီအစဉ်(QDEP)၊ သြစတေးလျ၊ ဒိန်းမတ်၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (DFID) ဥရောပသမဂ္ဂ(EU)၊ နော်ဝေနိုင်ငံတို့နှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊  ယနေ့မိတ်ဆက်ရှင်းလင်းတင်ပြသော မြန်မာနိုင်ငံရှိမသန်စွမ်းကလေးများ၏ အခြေအနေဆန်းစစ် လေ့လာမှုအစီရင်ခံစာသည် မသန်စွမ်းကလေးများ၏ လိုအပ်ချက်ကိုခွဲခြားဖော်ထုတ်ဖြည့်ဆည်း ဆောင်ရွက်ရန်နှင့် လူသားအားလုံးအကျုံးဝင် ဖွံ့ဖြိုးတိုးတက်မှု ပြည့်မီစေရေးတို့ကိုလည်း အထောက်အကူပြုနိုင်ပါကြောင်း၊ မသန်စွမ်းကလေးများ၏ လက်ရှိအခြေအနေအပြင် ၎င်းတို့နေထိုင်ရာရပ်ရွာအတွင်း ဖြတ်သန်းနေရသော ဘဝအတွေ့အကြုံတို့ကို သိရှိနိုင်ရေး လိုအပ်လျှက်ရှိသော သတင်းအချက်အလက် ကွာဟချက်များ ဖြည့်ဆည်းပေးနိုင်ခြင်းနှင့် လူ့အဖွဲ့အစည်းမှ ဖန်တီးထားရှိသော အတားအဆီးတို့ကိုလည်း ခွဲခြား ဖော်ထုတ်ထားရှိပါကြောင်း၊ မသန်စွမ်းကလေးများအနေနှင့် လူ့အဖွဲ့အစည်းအတွင်း အပြည့်အဝပါဝင်ဆောင်ရွက်ခွင့်နှင့် လူမှုရေးအရ ပေါင်းစည်းပါဝင်နိုင်ရေး မသန်စွမ်းကလေးများ၏ အခွင့်အရေးပြည့်မီရေး မြှင့်တင်ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events