Author Archives: RRD

  • မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄)

    မုန်တိုင်းငယ်အ‌ခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်နောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် (၂၁၅)မိုင်ခန့်၊ ပါရာဒစ်မြို့၏ တောင်-အနောက်တောင်ဘက် မိုင် (၃၆၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ဆက်လက် ရွေ့လျားရာမှ၊ နောက် (၁၂)နာရီအတွင်း အရှေ့မြောက် ဘက်သို့ ကွေ့ကာ၊ ဦးတည်ရွေ့လျားပြီး၊ နောက် (၄၈)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေအနီးသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ (ခ) … Read more

  • မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃)

    မုန်တိုင်းငယ်အ‌ခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၂၁း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်နောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင်(၂၅၀) ခန့်၊ ပါရာဒစ်မြို့၏ တောင်-အနောက်တောင်ဘက် မိုင် (၃၇၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ဆက်လက် ရွေ့လျားရာမှ၊ နောက် (၁၂) နာရီအတွင်း အရှေ့မြောက်ဘက်သို့ ကွေ့ကာ၊ ဦးတည်ရွေ့လျားပြီး၊ နောက် (၄၈)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေအနီး သို့ ရောက်ရှိနိုင်မည်ဟု … Read more

  • မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၂)

    (၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၆းဝ၀)နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်အ‌ခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင်‌့ ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင်‌့ ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ရောက်ရှိခဲ့ကာ။ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် (၂၈၅)မိုင်ခန့်၊ ပါရာဒစ်မြို့၏ တောင်-အနောက်တောင်ဘက် (၃၉၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ အရှေ့မြောက် ဘက်သို့ ပြန်ကွေ့ကာ နောက် (၄၈)နာရီအတွင်း … Read more

  • မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သာယာအေးရပ်ကွက် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၃-၁၁-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သာယာအေးရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ Family kit (၁) အိတ်၊ ပလပ်စတစ်ရေပုံး (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်တိတိနှင့် ဆန်၃ရက်စာဖိုးငွေ (၃၆၀၀) ကျပ်တိတိအား မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက ပြည်သူများလက်ဝယ်သို့ (၃-၁၁-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး … Read more

  • မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁)

    (၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်အ‌ခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၃းဝ၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင်‌့ ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကာ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင်(၃၁၀)ခန့်၊ ပါရာဒစ်မြို့၏ တောင်ဘက် မိုင် (၄၄၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ အရှေ့မြောက် ဘက်သို့ … Read more

  • ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း SEEDS ASIA ဂျပန်တို့ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုသတင်း

      (၂-၁၁-၂၀၁၆) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း  SEEDS ASIA ဂျပန်တို့ပူးပေါင်း၍  ဖျာပုံမြို့၊ သီရီအဏ္ဏဝါခန်းမ၌ ကမ်းရိုးတန်းဒေသ ဘေးဒဏ်ခုခံနိုင်စွမ်းနှင့် ရာသီဥတု ဘေးဒဏ်ခုခံနိုင်စွမ်းဆိုင်ရာ သုတေသနပြုတွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲ Workshop အား ကျင်းပခဲ့ရာ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်မှ အဖွင့်မှာစကားပြောကြားခဲ့ပြီး SEEDS ASIA  မှ Project Manager  Shigehiro Shibata က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲသို့ (၄) မြို့နယ်မှ ဌာနဆိုင်ရာများနှင့် လူဦးရေ … Read more

  • ပေါင်မြို့နယ် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၂-၁၁-၂၀၁၆) ရက်နေ့တွင် သထုံခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၆) ရက်နေ့ ၊ ညနေ (၄) နာရီအချိန်တွင် ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာအုပ်စုမြောက်ပိုင်း အ.ထ.က ကျောင်းအနီးနေ ဒေါ်အုန်းမြင့် နေအိမ် ပျဉ်ထောင်ပျဉ်ခင်း သွပ်မိုးနေအိမ်သည် မီးကျွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စု လူဦးရေ (၁) ဦး မီးဘေး ဒုက္ခနှင့် ကြုံတွေ့ခဲ့ပါသည်။ ထိုမီးဘေးအတွက် သထုံခရိုင်ဦးစီးမှူးရုံးမှ အိမ်ထောင်စု (၁) စုစာ ကယ်ဆယ်ရေးပစ္စည်း … Read more

Sign Up

Upcoming Events